အားလုံးပဲ မင်္ဂလာပါ။ အရသာထူးကဲကောင်းမွန်တဲ့ ဆေးကြက်ဥပေါင်းကို မိမိအိမ်မှာပဲ အလွယ်တကူပြုလုပ်နိုင်မယ့်နည်းလမ်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ (သို့) ဘဲဥ ၁၂ လုံး
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်း ၁ ဇွန်း
  • လက်ဖက်ခြောက်အိတ် ၂ အိတ်

  • သစ်ကြမ်းပိုးခေါက် ၁ ချောင်း
  • စမုန်စပါးပွင့် ၄ ပွင့်
  • လိမ္မော်သီးတစ်လုံးရဲ့ အခွံ တစ်ခွံ
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

ကြက်ဥ (သို့) ဘဲဥ များကို အိုးထဲထည့်ပြီး ၁၅ မိနစ်ခန့် ထည့်ပြုတ်ထားပါ။ ၁၅ မိနစ်ပြည့်ပါက ရေစစ်ထားပြီး အအေးခံထားပါ။

ဒုတိယအဆင့်အနေနဲ့ အိုးထဲသို့ ရေအနည်းငယ်ထည့်ပြီး လက်ဖက်ခြောက်အိတ်၊ သစ်ကြမ်းပိုးခေါက် ၁ ချောင်း၊ စမုန်စပါးပွင့် ၄ ပွင့်၊ လိမ္မော်ခွံ၊ သကြား၊ ပဲငံပြာရည်အကြည်နဲ့ ပဲငံပြာရည်အနောက်တို့ကို ထည့်ကာ ဆူအောင်တည်ထားပါ။

ထို့နောက် ဘဲဥ (သို့) ကြက်ဥပြုတ်တစ်လုံးစီရဲ့အခွံကို ဇွန်းနဲ့ ခေါက်ပေးလိုက်ပါ။

အခွံအက်နေသော ဘဲဥများကို အိုးထဲထည့်ပြီး မီးအပူရှိန်အနည်းဆုံးနဲ့ ၃ နာရီကြာပြုတ်ပေးလိုက်ပါ။ ၃ နာရီပြည့်ပါက ထိုဘဲဥများကို ပြုတ်ထားသောအရည်နဲ့အတူတူ ရေခဲသေတ္တာထဲမှာ တစ်ညခန့်ထည့်ထားလိုက်ပါ။ အချိန်ကြာကြာစိမ်ထားသော ပိုအရသာရှိလေပဲဖြစ်ပါတယ်။

စားခါနီးကျမှ အခွံခွာပြီး သရေစာမုန့်အဖြစ်အရသာရှိရှိစားသုံးနိုင်ပါပြီ။

Source: Kitchenbowl.com