မာလာဟင်း ချက်နည်းတော့ တင်ထားပြီးသား ဖြစ်ပါတယ်။ ဟင်းအနှစ်ကို အတော် များများတော့ အသင့်ချက် ပြီးသားတွေ သုံးပါတယ်။ဆိုဖီယာချက်နည်း ကတော့ ဟင်းအနှစ် သီးသန့်ချက် မထည့်ဘဲ ပါဝင်ပစ္စည်း အားလုံး တခါတည်း ထည့်ချက်ပါတယ်။ဟင်းအနှစ် သီးသန့်ချက် ထားပြီး လွယ်ကူ မြန်ဆန်စွာ ချက်စားနိုင်ဖို့ နဲ့ အချို့ လွယ်ကူစွာ မရနိုင်သော သူများ ကိုယ်တိုင် သန့်ရှင်း လပ်ဆပ်စွာ ချက်စား နိုင်ဖို့ မာလာ ဟင်းအနှစ် ချက်နည်းလေး မျှဝေပေး လိုက်ပါတယ်။

ပါဝင်ပစ္စည်း (ငါးပွဲစာ)

ကြက်သွန်နီ – တစ်လုံး အနေတော်

ကြက်သွန်ဖြူ – နှစ်ဥ

ငရုပ်သီးအလှော်မုန့် – နှစ်ဇွန်း စားပွဲဇွန်း

ဟွားကျောက်မှုန့် – တစ်ဇွန်း

ရှောက်ကောမှုန့် – တစ်ဇွန်း

နှမ်းထောင်း – ၃ဇွန်း

ငရုပ်ချဉ်(ချဉ်စပ်ငရုပ်) – သုံးဇွန်း

ပဲငပိ – ၅ဇွန်း

ဟင်းခပ်မှုန့် – နှစ်ဇွန်း

ဆီ – ၅ကျပ်သား

ပြင်ဆင်ပြုလုပ်နည်း

ကြက်သွန်နီ၊ ကြက်သွန်ဖြူ သေးသေး စိတ်ထားပါ။

အိုးထဲတွင် ဆီထည့်ပြီး အပူပေးပါ။ ဆီပူလာပါက ကြက်သွန်နီ ကြော်ပါ။ အရောင် အနည်းငယ် ရပါက ကြက်သွန်ဖြူ ထည့်ကြော်ပါ။

ကြက်သွန်များ ရွှေဝါရောင် သမ်းပါက နှမ်းထောင်း၊ ဟွားကျောက်၊ ရှောက်ကေား၊ ငရုပ်သီးမှုန့် တို့ကို ထည့်ပါ။ မီးလျော့ ထားပါ။

ဆီသပ်နံ့ မွေးလာပါက ချဉ်စပ် ငရုပ် နှင့် ပဲငပိ၊ ဟင်းခပ်မှုန့် တို့ကို ထည့်ပြီး အနည်းငယ် ခြောက်အောင် ချက်ပေးပါ။အေးသွားပါက ပုလင်း သန့်သန့်တွင် ထည့်ပြီး သိမ်းဆည်း ထားပါ။ (မာလာဟင်း ချက်သော အခါ တပွဲစာ ကိုနှ စ်ဇွန်း သို့မဟုတ် လိုအပ်သလို ထည့်ပြီး ချက်နိုင် ပါတယ်။)

Credit: Sofia Food Paradise