အပြင်မှာ ဝယ်စားရင် ဈေးကြီးပေမယ့် အရသာကောင်းတဲ့ Green Tea မုန့်လေးကို အိမ်မှာ လုပ်စားကြည့်ရအောင်။

မြန်မာနိုင်ငံမှာတော့ Green Tea လို့ ခေါ်ပေမယ့် Matcha Macarons လို့ခေါ်ပါတယ်။ Matcha က အရွက်ရဲ့နာမည်ဖြစ်ပြီး Green Tea ကိုလည်း အဲ့ဒီ Match အရွက်ကနေဘဲထုတ်လုပ်တာဖြစ်ပါတယ်။

ဒါ့ကြောင့် Matcha Macarons မုန့်လေးက အရသာရှိရုံတင်မကဘဲ ကျန်းမာရေးနဲ့လည်းပြည့်စုံပါတယ်။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ မှတ်ဥာဏ်တွေကိုလည်း ကောင်းစေပြီး အသားအရေ ကျန်းမာရေးကိုလည်းမြှင့်တင်ပေးပါတယ်။

စိတ်ဖိစီးမှုတွေကို ဖယ်ရှားပေးကာ အဆီပိုတွေကို လောင်ကျွမ်းပေးပြီး သွေးတိုးကို ကျစေပါတယ်။ အရွယ်တင်နုပျိုစေပါတယ်နော်။

ပါဝင်ပစ္စည်းများ (၉ ခုစာ)

ကြက်ဥအကာ ၁ လုံး

သကြား ၃၀ ဂရမ်

Almond အမှုန့် ၃၀ ဂရမ်

သကြားအမှုန့် (Powdered Sugar) ၄၀ ဂရမ်

Matcha လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ချီစ်ခရမ်က ၅၀ ဂရမ်

သကြားအမှုန့် ၇၀ ဂရမ်

နွားနို့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ခွက်တစ်ခွက်ထဲကို ကြက်ဥအကာကို အမြုပ်ထွက်အောင်ခလောက်ပါ။ စက်နဲ့ ခလောက်နိုင်ရင်ပိုကောင်းပါတယ်။ ပြီးရင် သကြား တစ်ဝက်လောက်ကို ထည့်လိုက်ပါ။ပြီးရင် အမြုပ်ထွက်အောင် ဆက်မွှေပါ။ နောက်ထပ်တစ်ဝက်ကိုထပ်ထည့်ပြီး မွှေလိုက်ပါ။

ဇကာတစ်ခုယူလိုက်ပါ။ ခုနက ကြက်ဥထည့်ထားတဲ့ ခွက်အပေါ်မှာ ဇကာကိုတင်လိုက်ပြီး Almond အမှုန့်၊ သကြားအမှုန့်၊ Matcha အမှုန့်တို့ကို ဇကာချလိုက်ပါ။ အမှုန့်မဟုတ်ဘဲ ဇကာထဲမှာကျန်ခဲ့တဲ့ အရမ်းကြီးနေတဲ့ အပိုင်းအစတွေကို ဇကာထဲကနေ ဖယ်လိုက်ပါ။ လုံးဝနှံ့သွားအောင် သေချာမွှေလိုက်ပါ။

အဲ့ဒီအနှစ်တွေကို ပလပ်တစတစ်အိတ်ထဲထည့်ကာ ကတော့ တပ်ပြီး မုန့်ဖုတ်မယ့် စက္ကူပေါ်မှာ အဝိုင်းလေးတွေဖြစ်အောင် ညှစ်တင်လိုက်ပါ။ ၁ မိနစ်လောက်ကြာအောင်ထားလိုက်ရင် မျက်နှာပြင်လေးခြောက်လာပါလိမ့်မယ်။

အလယ်ကနေထည့်မယ့် ခရမ်လိုမျိုးလုပ်ဖို့အတွက် ခရမ်ချိစ်ရယ်၊ သကြားရယ် နွားနို့ရယ်ကို ခွက်တစ်ခွက်ထဲမှာသေချာမွှေလိုက်ပါ။ ခုနကသုံးတဲ့ ကတော့ထဲပြန်ထည့်လိုက်ပါ။

ကွတ်ကီးလေးတွေ ခြောက်လာပြီဆိုရင် 150˚C နဲ့ ၁၅ မိနစ်ကြာအောင် Oven ထဲမှာ ဖုတ်လိုက်ပါ။

၁၀မိနစ်လောက် ခဏနားထားလိုက်ပါ။ ပြီးရင် ကတော့နဲ့ ခရမ်တွေကို ကွတ်ကီးတစ်ခုအပေါ်ထည့်လိုက်ပြီး နောက်ထပ် ကွတ်ကီးတစ်ခုနဲ့ခရမ်ကို အုပ်လိုက်ပါ။ ဒါဆိုရင် အရသာရှိတဲ့ Matcha Macarons ကွတ်ကီးလေးရပါပြီနော်။