ဝက်သားပဲပါး မျှစ်ချဉ်ချက်


Share this on:

ပါဝင်ပစ္စည်းများ

  • ၀က်သား
  • ဆား
  • နနွင်း
  • မျှစ်ချဉ်
  • ငုံးဥ
  • ပဲပြား
  • ကြက်သွန်ဖြူ၊ ကြက်သွန်နီ
  • ငရုတ်သီးအစိမ်းမှုန့်
  • ဆီ
  • အသားမှုန့်

ချက်ပြုတ်ပုံ

  1. အရင်ဆုံး ဝက်သားကို ဆားနနွင်းနဲ့ နယ်ပီး နှပ်ထားမယ် မျှစ်ချဉ်ကို တစ်ရေပြုတ်ထားမယ် မျှစ်စားရင်တော့ အမြဲတစ်ရေလောက် အနဲဆုံး ပြုတ်ပီးစားပါတယ်။
  2. ငုံးဥလေးတွေ ပြုတ်ပီး အခွံနွှာထားမယ်။ ပဲပြားကိုလည်း အဆင်သင့် လှီးထားမယ်။
  3. အရင်ဆုံး ဒယ်အိုး ထဲကို ဆီထည့် ကြက်သွန်ဖြူ ကြက်သွန်နီထောင်းထားတာ ရောလုံးပြီး ဆီသတ် ပီးရင် ငရုတ်သီး အစိမ်းမှုန့်လေး ထည့်ပါ။
  4.့်ပြီးရင် ဝက်သားထည့်ရော လုံးပြီး အသားလေး တင်းလာအောင် မွှေပြီးရင် ရေထပ်ထည့်ပါ။
  5. ဝက်သားလေး မနူးတနူးမှာ မျှစ်ချဉ်နဲ့ ပဲပြားကိုပါ ရောထည့် အရသာ အတွက် ငံပြာရည် အသားမှုန်ထည့်ပါ။
  6. အဲ့တာမှ မျှစ်ချဉ် အရသာလည်းထွက် ပဲပြားထဲလည်း အရသာ ရောက်ပြီးရင် ရေလိုသလောက် ထပ်ထည့် အသားနူးပြီး ချခါနီးရင်တော့ ငုံးဥလေးပါ ထည့်ပြီးရင်တော့ အနံ့ အရသာနဲ့ပြည့်စုံတဲ့ ဝက်သားပဲပါး မျှစ်ချဉ်ဟင်းလေး ရပါပီရှင်။
  7. ငရုတ်သီးစိမ်းကို ကြက်သွန်ဖြူများများလေးနဲ့ ထောင်းပီး ဆီလေး ဆမ်းထားနဲ့ ငရုတ်သီးစိမ်းထောင်းလေးနဲ့ တွဲဖက်စားရင်တော့ ထမင်းမြိန်မှ မြိန်ပေါ့ရှင်။

Review

User Rating

4 (3 Votes)