နေ့လည်စာစားတဲ့အခါဖြစ်ဖြစ် သူငယ်ချင်းတွေ အိမ်လာလည်တဲ့အခါပဲဖြစ်ဖြစ် ဆန်းဆန်းလေးချက်ပြုတ်ချင်ပေမယ့်လည်း စဉ်းစားရတာနဲ့တင် ခေါင်းခဲလှပါပြီ ဆိုတဲ့သူတွေအတွက် မက္ကဆီကန်စတိုင် စွပ်ပြုတ် ဟင်းလျာလေးတင်ပေးလိုက်ပါပြီနော်။ တစ်ချိူ့ပါဝင်ပစ္စည်းတွေက ကိုယ့်တိုင်းပြည်မှာ မရှိပေမယ့် အနီးစပ်ဆုံး ပါဝင်ပစ္စည်းလေးနဲ့ချက်လို့ရတဲ့အပြင် သိပ်ပြီးမခက်ခဲတာမို့လည်း ခံတွင်းမြိန် အကြိုက်တွေ့စေမှာပါ။

ပါဝင်ပစ္စည်းများ

ဆီ

ကြက်သွန်နီတစ်လုံး

ဆန် နို့ဆီဘူး ၃ပုံ ၁ပုံ

နံနံပင်

အမဲခါးဆစ်သား (ကြိတ်ပြီးသား ၁ပေါင်)

ဆား

ငရုတ်ကောင်း

မုန်လာဥနီ တစ်လုံး

ငရုတ်သီစိမ်း အတောင့်ရှည် တစ်တောင့်

အာလူး ၁လုံး

ခရမ်းချဉ်သီး အနှစ် (စားပွဲတင်ဇွန်း ၂ဇွန်း)

ဟင်းရွက်ပြုတ်ရည် (သို့) ရေ (လိုအပ်သလို)

ပြုလုပ်နည်း

ဒယ်အိုထဲတွင် ဆီထည့်ပါ။ ဆီပူလာလျှင် ကြက်သွန်နီကို အရောင်ပြောင်းလာသည်အထိမွှေပေးပါ။ ပြီးလျှင်ခဏအအေးခံပါ။

ဇလုံတစ်ခုတွင် ချက်ထားသော ကြက်သွန်နီ၊ ဆန်၊ နံနံပင်၊ ဆား၊ ကြိတ်ထားသောအမဲသား၊ ငရုတ်ကောင်းတို့ကို ရောနယ်ပြီး အရွယ်တော် အလုံးလုံးပါ။

ဒယ်အိုးထဲတွင် မုန်လာဥနီ၊ ငရုတ်သီးတောင့်၊ အာလူး၊ ခရမ်းချဉ်သီးအနှစ်တို့်ကို ဟင်းရွက်ပြုတ်ရည် သို့မဟုတ် ရေလောင်းကာ ဆူသည်အထိထားပါ။

ဆူလာလျှင် အမဲလုံးထည့်ပြီး မိနစ်၂၀ခန့် မီးနည်းနည်းနှင့် ထပ်မံဆူအောင်ထားပါ။

ပြီးလျှင် ဆား၊ ငရုတ်ကောင်း လိုအပ်သလောက်ထည့်ကာ အရသာရှိသော မက္ကဆီကန်စတိုင် အမဲလုံးစွပ်ပြုတ်ကို စားနိုင်ပါပြီ။

Source: foodnetwork