Recipes | ချက်ပုံချက်နည်းများ | အမဲသား - Beef

မက္ကစီကန် စတိုင်အမဲသားနှင့်ပဲသီး

November 8, 2016

မက္ကစီကန် စတိုင်အမဲသားနှင့်ပဲသီး

Share this on:

ပါဝင်ပစ္စည်းများ

  • ကြိတ်ထားသောဝက်သား ၆၀၀ဂရမ်
  • ကြက်သွန်ဖြူ ၂ တက်(ဒါးပါးရိုက်)
  • ခရမ်းချဉ်သီး(သံဗူး) ၁ ဗူး
  • ဇီယာမှုန့် စားပွဲတင်ဇွန်း - ၁ ဇွန်း
  • ကြက်သွန်နီ(အကြီး) - ၁လုံး(နှုတ်နှုတ်စင်း)
  • သံလွင်ဆီ စားပွဲတင်ဇွန်း - ၁ ဇွန်း
  • ငရုပ်ပွအနီရောင် - ၁လုံး(နှုတ်နှုတ်စင်း)
  • ငရုပ်ပွအစိမ်းရောင် - ၁လုံး(နှုတ်နှုတ်စင်း)
  • ပြောင်းဖူး- ၁ ဖူး(အစေ့ခြွေ)
  • ခရမ်းချဉ်သီးအနှစ်(သံဗူး)စားပွဲတင်ဇွန်း - ၁ ဇွန်း
  • ပဲအနီ(သို့)ပဲအမဲ(သံဗူး) - ၁ ဗူး
  • နံနံပင်အရွက် ၁ ခွက်
  • ဆားနှင့်ငရုပ်ကောင်း - သင့်ရုံ

ပြုလုပ်နည်း

  1. အိုး(သို့)ဒယ်အိုး တစ်လုံးထဲသို့ဆီစားပွဲတင်ဇွန်း တစ်ဇွန်းထည့်၍မီးအပူပေးပါ။ ကြက်သွန်နီထည့်၍ ပျော့ပြောင်းလာသည် အထိ ၅မိနစ် ခန့် ဆီသတ်ပေးပါ။
  2. ကြိတ်ထားသောအမဲသားများကို ထည့်၍အညိုရောင်သန်းလာသည်အထိ ၅မိနစ်ခန့် ချက်ပေးပါ။
  3. အမွှေးအကြိုင်(အခြာက်)နှင့် ကြက်သွန်ဖြူကိုထည့်၍ ၁မိနစ်ခန့်မွှေပေးပါ။
  4. ငရုပ်ပွ ၊ ခရမ်းချဉ်သီး(သံဗူး) ၊ ပြောင်းဖူး ၊ ခရမ်းချဉ်သီးအနှစ်(သံဗူး) နှင့်ရေတစ်ခွက် ထည့်ပါ။ မီးအပူရှိန်ကို မြှင့်၍ ဆူလာအောင်ပြုလုပ်ပါ။ ထို့နောက်မီးအရှိန်ကိုပြန်လျှော့ပြီးမီးငွေ့ငွေ့ဖြင့် အဖုံးဖုံးကာ ၁၅မိနစ်ခန့်ချက်ပါ။
  5. ပဲအနီရောင် (မြေထောက်နီ) နှင့် ဆား ၊ ငရုပ်ကောင်း ထည့်ပါ။ နံနံပင် အရွက်ကိုပါထည့်၍ ရောမွှေပါ။
  6. သံပုရာအစိတ်ကလေးများနှင့် အလှအပဆင်ပြီး တည်ခင်းနိုင်၏။ ထမင်း(သို့)ထော်ထီလာတို့ဖြင့် တွဲ၍စားသုံးနိုင်၏။

Review

User Rating

5 (5 Votes)

author-avatar

Three Good Spoons provides cooking training in Yangon to create happy, productive home kitchens and promote decent work for Myanmar women.