ချစ်စရာ Mini Egg Roll လေးလုပ်စားကြရအောင်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ – ၃ လုံး
  • ဥနီ
  • ကြက်သွန်မြိတ်
  • ဆား – အနည်းငယ်
  • ငရုတ်ကောင်းမှုန့် - အနည်းငယ်

mini egg roll 1

  • ဆီ – ၂ ဇွန်း (လက်ဘက်ရည်ဇွန်း)
  • ကြိုက်နှစ်သက်ရာ Sandwich ပေါင်မုန့်
  • Mayonnaise
  • Ready Made ကြက်သားမျှင်
  • ဝါးရင်းလိပ်

ပြုလုပ်နည်း

ကြက်ဥ၊ ဥနီ၊ ကြက်သွန်မြိတ်၊ ဆား၊ ငရုတ်ကောင်းမှုန့် ၊ ဆီ တို့ကို ကြက်ဥ အကာ ကြေသည်အထိ ခေါက်ပါ။ ကြက်ဥ အမြုပ် သေအောင် ထားပါ။

ကြိုက်နှစ်သက်ရာ Sandwich ပေါင်မုန့်ကို ဘေးသားများ လှီးပါ။ ပြီးလျှင် Mayonnaise သုတ်ပြီး Ready Made ကြက်သားမျှင် ဖြူးပါ။

ဝါးရင်းလိပ်ကလေးသုံးပြီး သေသေသပ်သပ် လိပ်ပါ။

ခေါက်ထားသော ကြက်ဥကို ဆီပါးပါး ဖြန့်ထားသော Fry Pan ထဲ အထူအပါး ညီအောင်ထည့်ပါ။

မီး အလယ်အလတ် နှင့် အပူပေးပြီး အပေါ်အောက် လှန်ပေးပါ။

ကြက်ဥချပ်ကို Mayonnaise ပါးပါးသုတ်ပြီး ပေါင်မုန့် လိပ်ကလေးများကို ပုံပါအတိုင်း ကြက်ဥချပ်နှင့် အုတ်ပြီး လိပ်ပါ။

ညီညီညာညာလှီးပြီး ချစ်စရာ Mini Egg Roll လေးများကို ကြိုက်နှစ်သက်ရာနှင့် တွဲဘက် စားသုံးနိုင်ပါပြီ။

** မိတ်ဆွေအပေါင်း ကျမ္မာ ပျော်ရွှင်သော မိသားစု ဘဝကို တည်ဆောက် နိုင်ပါစေ။ ကျေးဇူးတင်ပါသည်။

Credit: Mgmg Kyawthwin