သြစတြေးလျ မှာ နေတုန်းက ဦးလေး အမြဲချက် ကြွေးတဲ့ ဟင်းပါ။ အဲဒီတုန်း ကတော့ ပေါင်မုန့်နဲ့ ညှပ်ပြီး ခရမ်းချဉ်သီး အချဉ်ရည် နဲ့ဆန်ဝဒ် လုပ်စား ဖြစ်ပါတယ်။ အခုတော့ ထမင်း ပူပူ လေးနဲ့ စားရတာကို ပိုနှစ်သက် မိပါတယ်။ မြန်လဲ မြန်တယ် အရသာလဲ တော်တော် လေးထူး ပြီး တကယ်ပဲ ငဆုတ် အရသာနဲ့ တူလို့ ငဆုတ်များလား လို့တောင် တခါတလေ ဧည့်သည်တွေမေးတတ်ကြပါတယ်။ အားလုံးပဲ ဒီထူးကဲ တဲ့အရသာလေး နဲ့ ကြက်ဥငါးဆုတ် ကို ချက်စားကြည့်လိုက်အုန်းနော်….

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၃ လုံး အလုံးကြီး (ကြက်ဥ ကိုခလောက်ထားပါ)
  • ချင်း လက်တဆစ်ခွဲ
  • ကြက်သွန်ဖြူ ၄ မွှာ (အခွန်ခွာထားပါ)
  • ကြက်သွန်နီ ၃ လုံး (အခွန်ခွာထားပါ)
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

IMG_7764

  • ပူဆီနံ တစီး (အရွက်များ ချွေထားပါ)
  • ဆား၊ သကြား အနည်းငယ်
  • ပုစွန်ခြောက်မှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပုစွန်ငံပြာရည် နည်းနည်း
  • ဆီ လိုသလောက် (ကြက်ဥ ကြော်ရန်)

ပြုလုပ်နည်း

၁။ ပစ္စည်းတွေ အားလုံးကို ကြိတ်စက်ထဲသို့ အကုန်ထဲ့ပြီးကြိတ်ပါ။

၂။ မကပ်သော ဒယ်အိုး ထဲသို့ ဆီ ထဲ့ ပြီးတည်ပါ။

၃။ ဆီ ပူလာ လျှင် ကြက်ဥကိုအပြား ကြီးလိုချင်လျှင် ဆီအိုးထဲသို့ အကုန်ထည့်ကြော်ပါ။ အချပ် ခတ်သေးသေးလေးတွေက ကြော်ရတာလဲအဆင်ပြေသလို ပန်းကန်ပြင်ရတာလဲ လွယ်ကူပါတယ်။

၄။ ကြွတ်ရွ ပြီး ရွှေရောင် တောက်လာလျှင် ချက်ချင်း ဆီပူထဲက ဆယ်ပြီး ဆီဆစ်ပါ။

၅။ အချပ်ကြီး ဆိုရင် ကတ်ကြီးလေးနဲ့ ခတ်သေးသေးလေးတွေနှပ်ပြီး အချဉ်ရည်နဲ့ တို့စားလို့ရပါတယ်။

မှတ်ချက်

ပူပူလေး ကြွတ်ကြွတ်ရွရွလေး စားလျှင်ပိုကောင်းပါတယ်။ ရှာလကာရည်-ပဲငံပြာရည် အချဉ်လုပ်ထားတာနဲ့စားလျှင်လိုက်ဖက်သလို၊ ပေါင်မုန့် ထဲလဲ ညှပ်စားလို့ရသော ကြက်ဥငဆုတ်ကြော်ပါ။ ပူဆီနံအစား နံနံပင်ကိုအစားထိုးလို့ရပါတယ်။