အိမ်သုံးပစ္စည်းတွေဖြစ်တဲ့ အဝတ်လျှော်စက်၊ ရေခဲသေတ္တာ စတာတွေက တခါတလေ ပျက်ချိန်မတိုင်ခင်ဘဲ ပျက်တတ်ပါတယ်။  ဒါကြောင့် အိမ်သုံးပစ္စည်းတွေ မြန်မြန် ပျက်စေတဲ့ လုပ်တတ်တဲ့အမှားတွေအကြောင်းကို ပြောပြချင်ပါတယ်။

13332460-30333855-1478144-0-1476286627-1476286632-650-33-1488295420-650-777e75fbac-1492089282

ရေခဲသေတ္တာ

  • ရေခဲ သေတ္တာကို မပြီးရွှေ့ရင် ဒေါင်လိုက်ပုံစံဘဲ ထားပြီး ရွှေ့သင့်ပါတယ်။ လဲလျောင်းတဲ့ ပုံစံအတိုင်း ရွှေ့ရင် Compressor ထဲက ဆီတွေ ဖိတ်ပြီး ရေခဲသေတ္တာ ပျက်စီးနိုင်ပါတယ်။
  • ရေခဲသေတ္တာကို ရွှေ့ရွှေ့ပြီးချင်း စက်မဖွင့်ပါနဲ့။ အကယ်၍ ရေခဲသေတ္တာကို ဘယ်လိုမရွှေ့ခဲ့လဲ မသိခဲ့ရင် အနည်းဆုံး ၄ နာရီလောက် စောင့်ပြီးမှ ဖွင့်သင့်ပါတယ်။ ပိုပြီး စိတ်ချချင်ရင်တော့ ၁၅ နာရီလောက်စောင့်သင့်ပါတယ်။
  • ရေခဲ သေတ္တာထဲကို ပူနေတဲ့ အစားအသောက်တွေ မထည့်ပါနဲ့။ အစားအသောက်တွေကို အရင်ဆုံး အအေးခံပြီးမှ ထည့်သင့်ပါတယ်။

13332310-30334255-1478141-0-1476285854-1476285858-650-29-1488295420-650-777e75fbac-1492089282

အဝတ်လျှော်စက်

  • အဝတ်လျှော်စက်အပေါ်ကို လေးလံတဲ့ ပစ္စည်းတွေ အများကြီး မတင်ထားပါနဲ့။
  • အဝတ်လျှော်စက်ထဲကို အဝတ်တွေထည့်တဲ့အခါမှာလည်း ဘောင်းဘီအိတ်ကပ်၊ အင်္ကျီအိတ်ကပ်တွေကို စစ်ဆေးပါ။ အိတ်ကပ်ထဲမှာကျန်ခဲ့တဲ့ အကြွေစေ့တွေ၊ တခြား မာတဲ့ပစ္စည်းတွေက အဝတ်လျှော်စက်ကို ထိခိုက်စေပါတယ်။
  • အဝတ်လျှော်စက်အတွက် သင့်လျော်တဲ့ ဆပ်ပြာမှုန့်ကို သုံးသင့်ပါတယ်။ တခါတလေ အမြှပ်တွေ အများကြီးထွက်တဲ့ အားပြင်းတဲ့ ဆပ်ပြာမှုန့်တွေကလည်း အဝတ်လျှော်စက်ကို ထိခိုက်စေပါတယ်။

13332360-30334205-1478142-0-1476286168-1476286178-650-9-1488295420-650-777e75fbac-1492089282

  • အဝတ်လျှော်စက်ထဲမှာရှိတဲ့ ပစ္စည်းတွေကို ပုံမှန်သန့်ရှင်းရေးလုပ်ပါ။ ဥပမာ ဆပ်ပြာမှုန့်ထည့်တဲ့ခွက် စတာတွေကို သန့်ရှင်းရေးလုပ်ပါ။ မဟုတ်ရင် မှိုတွေတက်လာတတ်ပါတယ်။
  • အဝတ်လျှော်ပြီးပြီးချင်း အဝတ်အစားတွေကို ထုတ်ပါ။ အဝတ်အစားတွေအများကြီးကို အဝတ်လျှော်စက်ထဲမှာ အကြာကြီးထည့်ထားရင် အဝတ်လျှော်စက်ကလေးလံပြီး ပျက်တတ်ပါတယ်။
  • အနည်းဆုံးတစ်လ တစ်ခါ အဝတ်လျှော်စက်ကို သန့်ရှင်းရေးလုပ်ပါ။ အဝတ်လျှော်စက်မှာ သန့်ရှင်းရေးလုပ်တဲ့ စနစ်ပါဝင်ပါတယ်။ ဆပ်ပြာမှုန့်ထည့်တဲ့ ခွက်မှာလည်း သံပုရာအရည်၊ ရှာလကာရည်တွေနဲ့ ပွတ်တိုက်ဆေးကြောလို့ရပါတယ်။