အိပ်ယာထဲဝင်ပြီး အိပ်နေပေမယ့် အိပ်မပျော်တာတွေ ဖြစ်နေပါသလား။ ညဖက်အိပ်နေရင်း တစ်ရေးနိုးလာပြီး ပြန်အိပ်မရဖြစ်နေသလား။ ဒီလိုကောင်းကောင်း အိပ်မပျော်ဘူးဆိုရင် နောက်နေ့တစ်နေ့လုံး ခေါင်းမကြည်ဘဲ ကောင်းကောင်း စာသင်၊ အလုပ်လုပ်နိုင်မှာ မဟုတ်ပါဘူး။

အမေရိကန်ပြည်ထောင်စုမှာ Sleep Foundation တွေက အိပ်တာနဲ့ပတ်သက်ပြီး သုတေသနစစ်တမ်းတစ်ခု ကောက်ခဲ့ပါတယ်။ အဲ့ဒီစစ်တမ်းအရ အမေရိကန်လူမျိုးတွေက ပျမ်းမျှအားဖြင့်တစ်နေ့ကို ၇ နာရီနဲ့ ၃၆ မိနစ်အိပ်စက်ကြပြီး ၃၅ ရာခိုင်နှုန်းက ကောင်းကောင်း အိပ်မပျော်ကြပါဘူး။ ၂၀ ရာခိုင်နှုန်းက မနက်ထလာရင် အားအင်ပြည့်ဝတဲ့လန်းဆန်းမှုမျိုး မရရှိကြပါဘူး။

ဒါကြောင့် ညဘက်လည်း ကောင်းကောင်းအိပ်ပျော်ပြီး မနက်လည်းအင်အားအပြည့်နဲ့ လန်းဆန်းနေနိုင်ဖို့ သဘာ၀ ဆေးနည်းလေးကို ဝေမျှချင်ပါတယ်။

လိုအပ်သည့် ပစ္စည်း

ပျားရည်

ဟိမဝန္တာ ဆား (Himalayan Salt)

ပြုလုပ်နည်း

ပျားရည် လက်ဖက်ရည်ဇွန်း ၅ ဇွန်းကို ဟိမဝန္တာဆား (Himalayan Salt) လက်ဖက်ရည်ဇွန်း ၁ဇွန်းကို ရောပြီး ခွက်တစ်ခွက်ထဲထည့်ထားပါ။ ညမအိပ်ခင်မှာ အဲ့ဒီရောထားတဲ့ အရည်ကို လက်ဖက်ရည်ဇွန်း ၁ဇွန်းမောက်မောက် သောက်ပေးပါ။ လျှာအောက်မှာထားပြီး သူ့ဘာသာ သူအရည်ပျော်အောင်ထားပါ။

Himalayan Salt မှာ သတ္တုဓာတ် ၈၄ ခုပါဝင်ပြီး မဂ္ဂနီဆီယမ်ကလည်းအပါအဝင်ပါ။ မဂ္ဂနီဆီယမ်က စိတ်ဖိစီးမှုဖြစ်စေတဲ့ဟော်မှုန်း Cortisol ကိုလျော့ချပေးနိုင်ပြီး ကောင်းကောင်းအိပ်ပျော်အောင် ကူညီပေးပါတယ်။

ပျားရည်ကလည်း ခန္ဓာကိုယ်အတွင်းရှိ ဆဲလ် အမျိုးမျိုး၊ အသည်းတွေကိုလည်း အားဖြည့်ပေးပါတယ်။

Sleeping_angel-1

တချို့ အလေ့အကျင့်တွေကိုလည်း ဖျောက်ဖို့လိုအပ်

  • ညဘက်အိပ်ခါနီးမှာ ကွန်ပျုတာတို့ တယ်လီဖုန်းတို့ကို မသုံးပါနဲ့။ ၎င်းဆီကထွက်တဲ့အလင်းရောင်က မျက်စိကျယ်ပြီး ညဘက်ကောင်းကောင်းအိပ်ပျော်မှာမဟုတ်ပါဘူး။
  • ညအိပ်ချိန်နဲ့ နီးနီးကပ်ကပ် အစာမစားပါနဲ့။ အနည်းဆုံး ၃ နာရီလောက်ခြားပြီးစားပါ။
  • ညနက်အထိ အလုပ်မလုပ်ပါနဲ့။ ညနက်အထိ အလုပ်လုပ်ရင် ကိုယ့်ဦးနှောက်က အနားယူဖို့ အချိန်မရှိတော့တာကြောင့် ညနက်တဲ့အချိန်မှာ အလုပ်မလုပ်ဘဲ သီချင်းနားထောင်တာတို့ စာအုပ်ဖတ်တာတို့ လုပ်သင့်ပါတယ်။