အားလုံးပဲမင်္ဂလာပါနော်။ ကိုရီးယား အမဲသား ရေညှိစွပ်ပြုတ် ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ရေညှိခြောက် အနည်းငယ်
  • အမဲသားအနည်းငယ်
  • ကြက်သွန်ဖြူ အနည်းငယ်

  • ပဲငံပြာရေ အနည်းငယ်
  • ဆီ
  • ဆား၊ ငရုတ်ကောင်းမှုန့်
  • ရေ ၁၀ခွက်

ပြုလုပ်နည်း

အရင်ဆုံး ရေညှိအခြောက်ကို မိနစ် ၃၀လောက် ရေစိမ်ထားလိုက်ပါ။ ပြီးရင်တော့ ၂ခါ ၃ ခါလောက်ရေဆေးလိုက်ပါ။

ရေကိုသေချာစင်စင်ဆေးပေးလိုက်ပါ။

အမဲသားကို အတုံးလေးတုံးလိုက်ပါ။ ပြီးရင်တော့ ဆား၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းတို့နဲ့ နှယ်လိုက်ပါ။

ပြီးရင်တော့ အမဲသားကို အရင် ဆီနဲ့ ကြော်ပေးလိုက်ပါ။

ပြီးရင် ရေညှိထည့်ပြီး ပဲငံပြာရည်ထည့်ကာ ၄ မိနစ် ၅ မိနစ်လောက်မွှေပေးလိုက်ပါ။

အဲဒီနောက်ရေထည့်လိုက်ပြီး ဆူပွက်အောင်တည်လိုက်ပါ။ ဆား၊ ငရုတ်ကောင်းမှုန့်ကိုလိုရင်ထပ်ထည့်နိုင်ပါတယ်။ ပွက်ပွက်ဆူသွားရင် အပူလျှော့ပြီး မိနစ် ၂၀ လောက်အုပ်ထားလိုက်ပါ။ ပြီးရင်ရပါပြီနော်။

Source: www.koreanbapsang.com

By: MyFood Myanmar