ပါဝင်ပစ္စည်းများ

  • ငါး
  • ငါးဖယ်ကြော်
  • မုန့်တီဖတ်
  • ဘဲဥ
  • ဆား

Source: Not Eating Out in New York

  • ဆနွင်း
  • ဂျင်း
  • ကြက်သွန်ဖြူ
  • ပုဇွန်ငပိ
  • ငရုတ်သီးစိမ်း

  • ငရုတ်ကောင်း
  • ပတဲကော
  • နံနံပင်

ပြုလုပ်နည်း

  • ငါးကို သန့်စင်ပြီး ဆား၊ ဆနွင်းနဲ့ ရေနဲနဲ ထည့်ပြုတ်ပါ။ ကျက်တော့ အသားသင်ပြီး တစ်ဝက်ကို ဂျင်း၊ ကြက်သွန်ဖြူ နဲ့ ရေခြောက်အောင် လှော်ပြီး အရိုးပြုပ်ရည် အိုးထဲထည့်ပါ။
  • ဟင်းရည်အိုး ဆူအောင် တည်ပြီး ပုဇွန်ငပိ ကို ရေဖျော်ပြီး အရေကြည်လေးပဲ စစ်ထည့်ပါ။
  • အချိုအငံ မြည်းပြီး ငရုတ်ကောင်း၊ ပတဲကော ထည့်လိုက်လျှင် အာပူဟင်းရည် ရပါပြီ။
  • ငရုတ်သီးစိမ်းများများ ထောင်းထားပါ။
  • စားမည့် ပုဂံလုံးထဲတွင် မုန့်တီဖတ်ပေါ်တွင် အာပူဟင်းရည် ထည့်၍ ငါးဖယ်ကြော်၊ ငရုတ်သီးစိမ်းထောင်းကို လိုသလိုထည့်စားနိုင်ပါသည်။

Credit: Daw Suu Suu