ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ ကိုယ်ဝန်စ ဆောင်ပြီဆိုတာနဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းနဲ့ စိတ်ခံစားချက်တွေဟာ ပြောင်းလဲသွားတတ်ကြပါတယ်။ အထူးသဖြင့်တော့ ကိုယ်ဝန်ဆောင်ခါစအချိန်တွေမှာ မအီမသာ ဖြစ်တတ်ပြီး အော့အန်တာတွေ ဖြစ်ကြပါတယ်။ တစ်ချို့ကလည်း လနုနေတဲ့ အချိန်ပဲ ဖြစ်ကြပြိး တစ်ချို့ကြတော့ ကိုယ်ဝန်ဆောင်စဉ်ကာလာ တစ်လျှောက်လုံး ဖြစ်ကြပါတယ်။ Morning Sickness လို့ ခေါ်တဲ့ မနက်အိမ်ယာထချိန်မှာ အများဆုံး ဖြစ်တတ်တဲ့ ဝေဒနာကို အစားအစာတွေနဲ့ ကျော်လွှားလို့ ရပါတယ်။

လီမွန်

လီမွန်ဟာ တစ်နေ့လုံး အော်ဂလီဆန်ပြီး ပျို့အန်ချင်တဲ့ ဝေဒနာကို သက်သာစေဖို့ ကူညီပေးပါတယ်။ ရေတစ်ဖန်ခွက်ထဲကို လီမွန်ကို အရည်ညှစ်ပြီး ထည့် ဒါမှမဟုတ် အကွင်းလိုက် လှီးထည့်ပြီး သောက်ပေးပါ။

နွားနို့

နွားနို့ဟာ ကယ်လ်ဆီယမ်ဓာတ် ကြွယ်ဝတဲ့ အတွက် အစာအိမ်ကို နူးညံ့စေဖို့ ကူညီနိုင်ပါတယ်။ အစာအိမ်က လက်ခံတဲ့ အခါ အစားအစာတွေကို အနံ့မခံနိုင်တာတွေ မစားချင်တာတွေ မဖြစ်စေတော့ပါဘူး။ ဒါပေမယ့် နွားနို့ အစိမ်းကို သောက်ရပါမယ်။

ဂျင်း

ဂျင်းဟာ ပျို့အန်ခြင်း အတွက် အကောင်းဆုံး ဆေးပါ။ တစ်ချို့ ကားမူးတတ်တဲ့ သူတွေဆိုရင် ဂျင်းကို ကိုက်ပြီး ကားစီးကြပါတယ်။ ဂျင်းကို အရည်ညှစ်ပြီး ရေနွေးနဲ့ရောသောက်ပေးပါ။

ပူစီနံလက်ဖက်ရည်

ပူစီနံကို အခြောက်လှမ်းပြီး ရေနွေးခတ်သောက်တာပါ။ ရေငတ်ပြေရုံတင်မကာဘဲ အော်ဂလီဆန်ပြီး ပျို့အန်ခြင်းကို သက်သာစေပါတယ်။

Cereal

မနက်စာ အဖြစ် Cereal ကို စားပေးပါက Morning Sickness ကို သက်သာစေတယ်လို့ ကိုယ်ဝန်ဆောင် အမျိုးသမီး အများစုက ထောက်ခံထား ပါတယ်။

Credit: zeenws