သင်ဟာ ကျန်းမာစွာဝိတ်ချဖို့ ကြိုးစားနေသူ တစ်ယောက်ဆိုရင်တော့ နေရောင်ခြည်နုနုရနိုင်တဲ့ မနက်ခင်းတွေကို မေ့ထားလို့ မရပါဘူး။ အစားအသောက်၊ အနေအထိုင်နဲ့ အလေ့အကျင့်တွေကိုပါ ဖြည်းဖြည်းချင်း ပြောင်းလဲဖို့ ကြိုးစားယူနိုင်ပါတယ်။

၁။ နေရောင်ခြည်နုနုကို ခံယူပါ

နေရောင်ခြည်ဟာ သင့်ကို အဆီကျစေဖို့ အကူအညီပေးနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်တစ်ခုအရ မနက်ခင်းစောစော နေရောင်ခြည်ကြောင့် သင့်ကို ကယ်လိုရီတွေ လောင်ကျွမ်းဖို့ ကူညီပေးပါလိမ့်မယ်။ မနက်ပိုင်းမှာ မိနစ် ၂၀-၃၀ လောက် နေရောင်ခြည် ခံပေးပါ။ နောက်အကျဆုံး မနက် ၈နာရီလောက်ထိ ပြုလုပ်ပါ။ ထူးခြားတဲ့ ရလာဒ်တွေ မြင်ရပါလိမ့်မယ်။

၂။ အိပ်စက်ပါ

sleep-in

အိပ်စက်ခြင်းဟာ ကယ်လိုရီတွေကို လောင်ကျွမ်းနိုင်တဲ့ အတွက် သင် အိပ်ရေးဝဖို့ လိုအပ်ပါတယ်။ အရွယ်ရောက်ပြီး အဝလွန်သူ အများစုကို လေ့လာတွေ့ရှိချက်အရ 62%ဟာ တစ်နေ့ကို ၆နာရီအောက် လျှော့အိပ်ကြတယ်လို့ ဆိုပါတယ်။

နောက်ကျမှ အိပ်စက်ခြင်းဟာ ပိုပြီး ဝစေဖို့ အတွက် အကျိုးသက်ရောက်စေပါတယ်။

အစားလျှော့စားပြီး ပြီး မပိန်ဘူး ဖြစ်နေတယ်ဆိုတဲ့ အကြောင်းပြချက်ဟာ သင် အိပ်ရေးမဝလို့ပါ။ တစ်နေ့ကို အနည်းဆုံး ၈နာရီပြည့်အောင် အိပ်ပါ။ ညကို နောက်ကျမှ အိပ်ခြင်း ရှောင်ပါ။

၃။ စိတ်ဖိစီးမှုကို တတ်နိုင်သမျှ လျှော့ပါ

mindfullness_0

အရာအားလုံးကို လိုက်ပူပန်နေတတ်တာမျိုးနဲ့ အလုပ်အတွက် ၊ မိသားစုအတွက် စိတ်ဖိစီးမှုတွေ ရှိနေတယ်ဆိုရင် တတ်နိုင်သမျှ လျှော့ချပေးပါ။ စိတ်ဖိစီးမှု လျှော့ချဖို့ အကောင်းဆုံးဟာ ယောဂကျင့်ပါ။ တရားထိုင်ပါ။ အသက်၀၀ ရှုပါ။ အကောင်းမြင်စိတ်ဖြင့် ကြည့်ပါ။

၄။ နေ့စဉ်သွားနေတဲ့ Transportation ကို ပြောင်းပါ

commute

သင် နေ့တိုင်း ဘတ်စ်ကားစီး သွားတယ်ဆိုရင် တစ်မှတ်အတိုင်မှာ ဆင်းပြီး လမ်းလျှောက်ပါ။ အနီးအနားဆိုရင် လမ်းလျှောက်သွားပါ။ ဓာတ်လှေကားတွေကို သိပ်မသုံးဘဲ လှေကားတွေ တက်ပါ။

ခါးက အဆီတွေ ကျစေဖို့ အတွက် နည်းနည်းချင်းစီ လိုက်နာပြီး ဆောင်ရွက်တာဟာ ကျန်းမာရေးနဲ့ ညီစေပြီး သင့်ရဲ့ ရည်မှန်းချက်တွေ ပြည့်မြောက်စေမှာပါ။

၅။ ပရိုတိန်းဓာတ် ပြည့်ဝအောင်စားပါ

eat-protein_0

Diet Plan တွေကို စားမယ်ဆိုရင်တော့ သူ့အတိုင်း အတိအကျ လိုက်နာပြီး စားပါ။ သင်ရဲ့ တစ်နေ့တာအတွက် လိုအပ်တဲ့ ပရိုတိန်းဓာတ်ကို ပြည့်မှီအောင် စားပေးပါ။ ပရိုတိန်းဓာတ် မပြည့်ဝရင်တော့ ကျန်းမာစေမယ့် ဝိတ်ချခြင်းကို မရရှိနိုင်ပါဘူး။ မနက်စာ၊ နေ့လည်စာ၊ ညစာကို အချိုးညီစွာ စားပါ။


၆။ လေ့ကျင့်ခန်းလုပ်ပါ၊ အားကစားတစ်ခုခု လုပ်ပါ

work-out

နေ့စဉ် ချွေးထွက်ခြင်းဟာလည်း အဆီကို လျှော့ချပေးနိုင်ပါတယ်။ Gym မသွားနိုင်တဲ့ လူတွေ အတွက် အခြား အားကစား တစ်ခုကို လုပ်ပါ။ အိမ်မှာနေရင်း လုပ်လို့ ရမယ့် အားကစားနည်းတွေကို လေ့လာလိုက်စားပါ။ တစ်နေ့ကို ၄၅ မိနစ်လောက် အချိန်ပေးပြီး ဆောင်ရွက်ပါ။

၇။ အာဟာရဖြစ်စေမယ့် သရေစာတွေကို စားပါ။

bring-snacks

သရေစာတွေကို အသီးအနှံတွေနဲ့ အခြား အာဟာရဖြစ်စေမယ့် အရာတွေကို စားပါ။ မနက်တိုင်း မနက်စာကို စားဖို့ မမေ့ပါနဲ့။ ဒီလို အလေ့အကျင့်လေးတွေကို ဖြည်းဖြည်းချင်း ကျင့်ယူမယ်။ အစားအစာတွေကို စနစ်တကျ စားမယ်ဆိုရင်တော့ လှပပြီး ကျန်းမာတဲ့ ခန္ဓယ်ခနာကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

Source: womenshealthmag