ဈေးကြီးတဲ့ အစားအစာဆိုရင် ဆယ်မွန်ငါးလောက်တာ မျက်စိထဲမှာ ပြေးမြင်ကြပေမယ့် တကယ်တမ်းတော့ ကိုယ်မထင်ထားတဲ့ တခြား ဈေးကြီးတဲ့ အစားအစာတွေရှိပါတယ်။

ငှက်ပျောသီး

သဘာဝအတိုင်း ကြီးထွားလာတဲ့ ငှက်ပျောသီးမဟုတ်ဘဲ ပန်းချီပညာရှင် စတီဖင် ဖုရှီ (Stephan Brusche) ကိုယ်တိုင် ငှက်ပျောသီး အစစ်ပေါ်မှာ ရေးဆွဲပုံဖော်ထားတာဖြစ်ပြီး အသီး မပုပ်ခင်တော့ အလှကြည့်လို့ကောင်းမှာဖြစ်ပါတယ်။

အဲ့ဒီ ပန်းချီ ပုံဖော်ထားတဲ့ ငှက်ပျောသီးက အမေရိကန်ဒေါ်လာ ၃၅၀၀ ကုန်ကျမှာဖြစ်ပါတယ်။

Moose Cheese

10414910-efa4da9d7a6f2e7be443473b23960e54-1484893139-650-5816544294-1485454389

ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး ချီစ် က Moose ချီစ်ဘဲ ဖြစ်ပါတယ်။ ဆွီဒင်နိုင်ငံ၊ Moose House ဆိုတဲ့ စိုက်ပျိုး မွေးမြူရေး ခြံကဘဲ ထုတ်လုပ်တာဖြစ်ပါတယ်။ Moose ချီစ်ကို Moose House ကထွက်တဲ့ နွားနို့နဲ့ဘဲ လုပ်လို့ရပြီး အဖြူရောင်ချီစ်ဖြစ်ပါတယ်။ ၁ ကီလိုဂရမ် ချီစ်ကို အမေရိကန်ဒေါ်လာ ၁ ထောင်ကျော် ရှိပြီး အနည်းငယ်ဘဲ ထုတ်လုပ်ပါတယ်။

Lberian ဝက်ပေါင်ခြောက်

10415160-jamon-iberico-1484892940-650-86934e5acc-1485454389

စပိန်နိုင်ငံမှာထုတ်တဲ့ Jamon Lberico ဝက်ပေါင်ခြောက်က ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး ဝက်ပေါင်ခြောက်ဖြစ်ပါတယ်။ Lberian ဝက်တွေကို ဝက်သစ်ချသီးတွေ ကျွေးပြီး မွေးထားတာဖြစ်ပါတယ်။ ဝက်ပေါင်ခြောက် ၁ ကီလိုဂရမ်ကို အမေရိကန်ဒေါ်လာ ၃၉၂ လောက် ရှိပါတယ်။

ဂျပန်နိုင်ငံက Wagyu Steak

10415010-d9eca911e1c9ff0b7c9b3049fda28c67-1484892215-650-37c9d00045-1485454389

ဂျပန်နိုင်ငံက အမဲသားနဲ့လုပ်ထားတဲ့ Wagyu Steak ဟာ ကမ္ဘာပေါ်မှာ အရသာအရှိဆုံးဖြစ်ပြီး အနံ့အရသာလည်း မွှေးကြိုင်လှပါတယ်။ ဂျပန်နိုင်ငံမှာတော့ Wagyu Steakကို ဘီယာနဲ့ သောက်သုံးရင်း ဂန္တဝင်တေးသီချင်းတွေ နားထောင်လေ့ရှိပြီး အရေးကြီး ဧည့်ခံပွဲတွေမှာ အသုံးပြုကြပါတယ်။ ၁ ကီလိုဂရမ်ကို အမေရိကန်ဒေါ်လာ ၄၅၀ ရှိပါတယ်။

Ayam Cemani အမည်းရောင်ကြက်

10414860--1-1484891746-650-40e8faa89f-1485454389

Ayam Cermani ကြက်က အင်ဒိုနီးရှားမှာ မွေးမြူပါတယ်။ ကြက်တစ်ကောင်ကို အမေရိကန်ဒေါ်လာ ၂၀၀ ဝန်းကျင်လောက်တန်ဖိုးရှိပါတယ်။ မလေးရှားမှာတော့ Ayam Cemani ကြက်သားက အရမ်း နာမည်ကြီးပြီး ဈေးလည်းမြင့်ပါတယ်။