ပါဝင်ပစ္စည်းများ

  • ပဲကြာဇံ – ၂၀၀ ဂရမ် ထုပ်(ရေစိမ်ထားပါ)
  • မုန်လာဥနီ – ၁ ဥ (ပါးပါး အချောင်းလေးတွေခြစ်ထားပါ)
  • ဂေါ်ဖီ – ၁ စိတ် (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ – ၁ လုံး (အခွံခွာ ပြီးပါးပါးလှီးထားပါ)
  • သခွားသီး – ၂ လုံး (အစေ့ထုပ်ပြီး အရှည်လိုက်လေးတွေ လှီးထားပါ)
  • ဆလပ်ထုပ် – ၁ စိတ် (ခပ်ပါးပါးလှီးထားပါ)
  • မြေပဲလှော် – ၂ ဇွန်း ခွဲ စားပွဲဇွန်း (မညက်တညက်ထောင်းထားပါ)
  • သီဟိုဠေ့စေ့ – ၂ ဇွန်း စားပွဲဇွန်း (မညက်တညက်ထောင်းထားပါ)
  • ခနောကြက်သားမှုန့် – ၂ ဇွန်း လ္ဘက်ဇွန်း
  • ဆော့စ်လုပ်ရန် (Dressing)
  • ငံပြာရည် – တစ်ဝက် ဇွန်း စားပွဲဇွန်း (ကြိုပြီးသား)
  • ငရုတ်သီးစိမ်း – ၅ တောင့် (ပါးပါးလေးတွေလှီးထားပါ)
  • သံပုရာရည် – ၃ ဇွန်း လ္ဘက်ဇွန်း
  • သံပုရာခွံ – ၁ ဇွန်း လ္ဘက်ဇွန်း
  • နံနံပင် – ၅ ပင် (ခပ်ကြမ်းကြမ်းလေးလှီးထားပါ)
  • သံလွင်ဆီ – ၂ ဇွန်း စားပွဲဇွန်း
  • ငရုတ်သီးခွဲခြမ်း – ၂ ဇွန်း လ္ဘက်ဇွန်း (လှော်ပြီးသား)
  • ကြက်သွန်နီ – ၁ လုံး (နုပ်နုပ်စဉ်းထားပါ)

ပြုလုပ်နည်း

  1. အဖုံးလုံ ဖန်ပုလင်းထဲ ဆော့စ်လုပ်ရန်ပါဝင်ပစ္စည်းများ အားလုံးထည့်ပြီး အဖုံးလုံအောင် ပိတ်ပြီး နာနာခလောက်ပေးပါ။ ရေခဲသေတ္တာထဲမှာ ထားပါ။ သုံးခါနည်းမှ ထုတ်ပါ။
  2. အသုပ်သုပ်ရန် ဖန်ဇလုံ အကြီးထဲကို လှီးထားသော အသီးအရွက် နှင့် အသီးများ အားလုံး ထည့်ပါ။ ပြီးမှ မြေပဲမှုန့်၊ သီဟိုမှုန့်ဖြူးပါ ဆော့စ်ထည့်ပြီး လက်နှင့် နှံ့အောင် ဖွဖွလေး နယ်ပါ။ နယ်လိုနှံ့လျှင် ဆားမြည်းပါ။ ခနောကြက်သားမှုန့် နှင့် တခြားလိုတာထပ်ဖြည့်နိုင်ပါတယ်။ ချက်ချင်း လတ်လတ်ဆတ်ဆတ် စားသုံးလျှင် ပိုကောင်းပါတယ်။

Knorr