Recipes | မြန်မာမုန့်များ - Myanmar Desserts

မင်္ဂလာပါရဲ့ မုန့်လင်မယား ပြုလုပ်နည်း

November 20, 2016

မင်္ဂလာပါရဲ့ မုန့်လင်မယား ပြုလုပ်နည်း

Share this on:

ဒီတစ်ပတ်မှာတော့ မင်္ဂလာပါမိသားစုကနေ ပိတ်ရက်မှာ လုပ်စားဖို့ အားလုံးနဲ့ မစိမ်းတဲ့ မြန်မာမုန့်လေး တစ်ခု အကြောင်းပြောပြချင်ပါတယ်။ မုန့်ကတော့ မုန့်အုပ်ကလေးလို့ ခေါ်သလို မုန့်လင်မယားလို့လည်း ခေါ်တဲ့ မုန့်ပါ။ ဆန်မှုန့်ကို အဓိကထား ပြုလုပ်တဲ့ မုန့်ဖြစ်တာကြောင့် လုပ်စားရတာ အရမ်းကို လွယ်ကူပါတယ်။ ခက်ခဲတာတစ်ခုကတော့ မုန့်လင်မယားဒယ်အိုးပါ။ နည်းနည်းတော့ ရှာပြီး ၀ယ်ရပါတယ်။ ဆန်မှုန့်ကတော့ Readymade ဆန်မှုန့်ထုပ်ကိုပဲ သုံးလို့ရပါတယ်။ ပိုကောင်းအောင်ဆိုရင်တော့ ဆန်ကို သွားကြိတ်ပြီး လုပ်လို့ရပါတယ်။ အိမ်မှာ ပျော်ပျော်ပါးပါး လုပ်စားမယ်ဆိုရင်တော့ မခက်ခဲတာမို့ ဒီမုန့် လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

1

ပါဝင်ပစ္စည်းများ

  • ဆန်မှုန့်စိမ်း ၁၅၀ ဂရမ် (တစ်အိမ်လုံး အ၀စားလို့ရပါတယ်။ အစာပြေတာ ၅ယောက်အတွက်ဆိုရင်တော့ အထုပ် တ၀က်ပဲ ကုန်ပါတယ်)
  • မုန့်ပွတာ ကြိုက်တဲ့သူတွေအတွက် ရွှေကြည်အနည်းငယ်ထည့်လို့ရပါတယ်
  • ကုလားပဲ အစိမ်းမှုန့် ထမင်းစားဇွန်း ၂ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • စားဆိုဒါမှုန့် ငရုတ်ကောင်းစေ့ ၂စေ့ခန့်
  • ဟင်းခတ်မှုန့် အနည်းငယ်
  • ရေ ၁လီတာခန့်
  • ကြက်သွန်မြိတ် ၅ပင်
  • နံနံပင် အနည်းငယ်
  • ပဲပြုတ် အနည်းငယ်
  • ငုံးဥ (ကြိုက်ရင် ထည့်ကြော်လို့ရအောင်ပါ)
  • ကြက်ဥ တစ်လုံး
  • နှမ်းထောင်း
  • ဆီ

ပြုလုပ်နည်း

  1. အရင်ဦးစွာ ဆန်စိမ်းမှုန့်၊ ကုလားပဲ အစိမ်းမှုန့်၊ ဆား၊ ဆော်ဒါ ဟင်းခတ်မှုန့်တို့ကို ရေ ၁လီတာထည့်ပြီး ၊ ရွေကြည်မှုန့် ပါတစ်ခါတည်း ထည့်ဖျော်ထားပါ။ အစေ့လေးတွေ အထုံးလေးတွေ မရှိအောင် လက်နဲ့ သေချာ နယ်ပြီး ဖျော်ပါ။ ပြီးရင် ၁နာရီလောက်ထားပါ။
  2. ကြက်သွန်မြိတ်၊ နံနံပင်၊ ကြက်ဥတို့ ထည့်ပြီး ခေါက်မွှေပါ။
  3. အိုးကို အပူပေးပြီး ဆီထည့်ပါ။ မုန့်နှစ်ရည်ကို ထမင်းစားဇွန်းနဲ့ ခပ်ပြီး ဖြည်းဖြည်းချင်း လောင်းထည့်ပါ။
  4. အပေါ်ကနေ ပဲပြုတ်ဖြူးပါ။ ငုံးဥ ကြိုက်ရင်တော့ တစ်ခုကို တစ်လုံး ဖောက်ထည့်ပါ။
  5. မုန့်တွေကို အနည်းငယ် ရဲ လာပြီဆိုရင်တော့ တစ်ဖက်ကို လှန်ပေးပါ။ ဆီအနည်းငယ် သုတ်ပေးပါ။ မီးအေးအေးနဲ့ ကြော်ရင် ပိုကောင်းပါတယ်။
  6. မကျတ်ခင်မှာ ဇွန်းနဲ့ ပြန်ကော်ပြီး တစ်ဖက်က မုန့်သားတစ်ခုပေါ် မှောက်တင်ပေးပါ။
  7. မုန့် ၂ဖက်လုံး ရွှေရောင်သန်းလာပြီဆိုရင်တော့ ဆယ်ပြီး နှမ်းထောင်းလေး ဖြူးစားပါ။ အချဉ်နဲ့ ကြိုက်ရင်တော့ အချဉ်ရည်လေး စပ်ပြီး တွဲစားနိုင်ပါတယ်။

Review

User Rating

3.8 (6 Votes)

author-avatar

Myanmar Traditional Food 71 Str., Between 28 Str. and 29 Str., Mandalay