မိုးကုတ်မှာ ဗူးသီးကြော်ရင် ဂျူးမြစ်လေးထည့်ကြော် တတ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဗူးသီးအလတ်  – ၁ စိတ်
  • ဂျူးမြစ်  –  ၁ ထုံး
  • ရွှေလိပ်ပြာ အကြော်မှုန်  – ၁ ထုပ်
  • ဂျင်းသေးသေး  –  ၁ တက် (ညှက်အောင်ထောင်းပါ)
  • ငရုတ်ကောင်းမှုန့်  –  အနည်းငယ်
  • ရေ ကြက်သီးနွေး  –  ၁  လက်ဖက်ရည် ပန်းကန်လုံးခန်.

ပြုလုပ်နည်း

ဗူးသီးနုရင် အခွံခွာစရာ မလိုသလို အတွင်း အူတိုင်တွေလည်း ထုတ်ဖို မလိုအပ်ပါ။  အနည်းငယ် ရင့်ရင်တော့ အခွံခွါ ၊ အစေ့ထုတ်ပြီး လက်သန်းအရွယ် အချောင်းလေးများ လှီးဖြတ်ပါ။ (မှတ်ချက် – မလှီးဖြတ်ခင် ရေဆေးပါ ။ လှီးဖြတ်ပြီးမှ ရေမဆေးရ။ )

ဂျူးမြစ်တွေကိုလည်း မတိုမရှည် ဖြတ်ပြီး သဲစင်အောင် ရေဆေးစစ် ထားပါ။

ရွှေလိပ်ပြာ အကြော်မှုန့်ကို ဇလုံ ခပ်ကြီးကြီးထဲမှာ ထည့်ပြီး ၊ ငရုတ်ကောင်းမှုန့် ၊ ထောင်းထားသော ဂျင်း ၊ ပာင်းခတ်မှုန့်၊ ရေတိုနဲ့ မပျစ်မကျဲ ရအောင် ဖျော်ပေးပါ။  (ဆား မထည့်ရ။ ဆားထည့်ပါက လျင်မြန်စွာ ပျော့တတ်သည်။)

ဗူးသီးချောင်များနှင့် ဂျူးမြစ် မုန့်နှစ်ထဲ ထည့်နယ်ပြီး အပျစ်အကျဲ ချိန်ဆပါ။  စေးထန်းနေလျှင် ရေ အနည်းငယ် ထပ်ထည့်ပြီး၊ ကျဲနေရင်တော့ အကြော်မှုန့် ထပ်ထည့်ပါ ။

လက်ဖက်ရည် အောက်ခံ ပန်းကန်ပြားလေးကို အသုံးပြုပြီး ဗူးသီးချောင်း ၄-၅ ချောင်းကို မိမိလိုအပ်သလို ပုံဖော်ပြီး ပူနေတဲ့ ဆီအိုး အတွင်းကို လက်နဲ့ အသာ လျှောချထည့်ပါ။

ရွှေအိုရောင် ရလာရင် ဆယ်ယူ စစ်ထားပြီး ၊ မန်ကျည်သီးမှည့်ရည် ၊ ငံပြာရည် ၊ ပာင်းခတ်မှုန့်၊ ကြက်သွန်နီ ၊ ပူဒီနံ ၊ ငရုတ်စိမ်းအကြမ်းမှုန့် တို့နှင့်စပ်ထားသော အချဉ်ရည်လေးနှင့် တွဲဖက် သုံးဆောင်ပါ။

မှတ်ချက် – ဆန်မှုန့် ကိုယ်တိုင်စပ်လျှင် ဆန်မှုန့် (၂) ဆ ၊ ပဲစိမ်းမှုန့် (၁) ဆ ရောစပ်နိုင်ပါတယ်။

Credit: Original Uploader & Shanti Bogati