ထမင်းစားကြသော အာရှနိုင်ငံတွေ အတော်များများမှာ ထမင်းဘာဂါဆိုပြီး ဘာဂါဆိုင်တွေမှာ မှာယူစားသုံးလို့ ရပါတယ်။ အိမ်မှာ စိတ်တိုင်းကျ လွယ်ကူလျှင်မြန်ပြီး အချိန်လဲသိပ်မပေးရဘဲ အရသာရှိရှိ မြန်မာ့အရသာနဲ့ကို ရီးယားအရသာနှစ်မျိုးကိုပေါင်းပြီး မစည် တီထွင် ထားတာလေး လုပ်စား ကြည့်လိုက်နော်။ ပိတ်ရက်မှာ အဒေါ်တွေ တူ၊ တူမအပေါင်းအသင်းတွေကို လုပ်ကျွေးလိုက်တာ အားပေးမှုများတာကြောင့် လုပ်စားလို့ ရအောင် ဖော်ပြလိုက်ပါတယ်။

ပါဝင်ပစ္စည်း (ဘာဂါ၂ လုံးစာ)

  • ဝက်သားပြား (Bacon)  –  ၂၀၀ ဂရမ် ( ကြော်ထားပါ)
  • Mayonnaise  –  ၂ ဇွန်း (လက်ဖက်ဇွန်း)
  • ဆလတ်ရွက်  –  ၄ ရွက် (ရေဆေးပြီး ရေစစ်ထားပါ)
  • ကြက်သွန်နီ   –  ၁ လုံး (အကွင်းလိုက်ပါးပါး လေးလှီးထားပါ)
  • ချယ်ရီ ခရမ်းချဉ်သီး  –  ၄ လုံး (ကြော်ထားပါ)
  • အုပ်စု (က) ထမင်းနယ်ရန် ထန်းလျက်ရည်   –  ၂ ဇွန်း (စားပွဲဇွန်း)
  • ချက်ပြီးသား ထမင်း  –  ၁ခွက် (ဟင်းချက်ရန် တိုင်းသောခွက်)
  • ငရုတ်ကောင်းအနက်မှုန့်   –  အနည်းငယ်
  • ကြက်သားမှုန့်  –  ၁ ဇွန်း (လက်ဖက်ဇွန်း / မထည့်လဲရပါတယ်)
  • ပန်းသီး ရှာလာကာရှည်  –  ၁ ဇွန်း ခွဲ (လက်ဖက်ဇွန်း /ငရုတ်နှစ်နဲ့ ရောကြိုထားပါ)
  • ကိုးရီးယားငရုတ်နှစ်  –  ၁ ဇွန်း (လက်ဖက်ဇွန်း / ရှာလာကာနှင့် ရောကြိုထားပါ)
  • နှမ်းဆီ  –  ၁ ဇွန်း (စားပွဲဇွန်း)
  • ကိုးရီးယား ငံပြာရည်  –  အနည်းငယ်

ပြုလုပ်နည်း

  1. အုပ်စု (က) မှ ပစ္စည်းများအားလုံးကို ဇလုံထဲ ထည့်ပြီး နှံအောင်နယ်ပေးပါ။
  2.   မကပ်သော ဒယ်အိုးကို အပူပေးပါ။ အိုးပူလာလျှင် ဝက်သားပြားများ ထည့်ကြော်ပါ။ ဝက်သားပြားမှ ဆီများ ထွက်လာလျှင် ခရမ်းချဉ်သီးလေးတွေ အလုံးလိုက် ထည့်ပြီးကြော်ပါ။ ဝက်သားပြားများကို ကိုယ့်စိတ်တိုင်းကျ ကျက်ယုံ (သို့) အကျွတ် ကြိုက်သလို ကြော်နိုင်ပါတယ်။ ခရမ်းချဉ်သီးလုံးလေးများကို အခွံပျော့ယုံ ကြော်ပါ။
  3. ပန်းကန်ပြားပေါ်မှာ နယ်ထားသော ထမင်းကို ပုံစံခွက်အဝိုင်းလေးနဲ့ ပုံစံချပါ။ မယ်ယိုနစ်သုပ်ပါ။ ဆလတ်ရွက်တင်ပါ။ ဝက်သားပြား ထပ်တင်ပါ။ ထမင်းတင်ပါ။ ဆလတ်ရွက်၊ ခရမ်းချဉ်သီး နှင့် ကြက်သွန်နီ တို့ဖြင့် အလှဆင်ပါ။ လတ်ဆတ် သော ငရုတ်ကောင်းမှုန့် လက်ကြိတ်စက်လေးဖြင့် ကြိတ်ဖြူးပါ။ ထမင်း နှင့် ဝက်သားပြားကို နွေးနွေးလေး စားသုံးပါ။