အရွက်မှာလက်ဖက်ဆိုတဲ့ဆိုရိုးစကားအတိုင်း လက်ဖက်ကတော့ မြန်မာတို့အကြိုက်ဆုံး အစားအစာပါပဲ။

လက်ဖက်သုပ်၊ ရေနွေးကြမ်းနဲ့ ဧည့်သည်ကို ဧည့်ခံတတ်တဲ့ဓလေ့က မြန်မာတို့ရဲ့ ချစ်စရာဓလေ့တစ်ခုဖြစ်ပါတယ်။

ဒီတခါမှာတော့ အရသာရှိလှတဲ့ လက်ဖက်သုပ်သုပ်နည်းလေးကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • လက်ဖက်
  • အကြော်စုံ
  • မြေပဲကြော်
  • ဂေါ်ဖီတစ်စိပ်
  • ကြက်သွန်နီ

  • ခရမ်းချဉ်သီး ၁ လုံး (သို့) ၂ လုံး
  • ငရုတ်သီးစိမ်း
  • ကြက်သွန်ဖြူ ၁ လုံး
  • မြေပဲဆီ

  • ဆားအနည်းငယ်
  • ဟင်းခတ်မှုန့်အနည်းငယ်
  • ပုဇွန်ခြောက်

ပြုလုပ်နည်း

အရင်ဆုံး ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ငရုတ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ကို ပါးပါးလှီးလိုက်ပါ။

ပန်းကန်ထဲမှာ (ပုဇွန်ခြောက်၊ သံပရာသီးကလွဲပြီး) ပါဝင်ပစ္စည်းတွေအားလုံးကို အတူတူစုထည့်လိုက်ပြီး ဆီရွှဲရွှဲလေးနဲ့ သုပ်ပေးလိုက်ပါ။

အရသာမြည်းကြည့်ပြီးဆားလိုရင် ဆားထည့်ပါ။

ပြီးရင်တော့ သံပုရာသီးလေး တစ်ခြမ်းလောက်ညှစ်ပေးလိုက်ပြီး နယ်ပေးလိုက်ပါ။ ပုဇွန်ခြောက်ကိုလည်း အပေါ်ကနေဖြူးလိုက်ပါ။

အပျင်းပြေစားကြသလို ထမင်းနဲ့လည်းစားလေ့ရှိတဲ့ လက်ဖက်သုပ်

အပျင်းပြေပဲစားစား၊ ထမင်းနဲ့စားစား အရသာရှိတယ်နော်။

By: MyFood Myanmar