အားလုံးပဲမင်္ဂလာပါနော်။ မြန်မာပြည်ရဲ့ နေရာတိုင်းလိုလိုမှာ ရရှိနိုင်တဲ့ မုန့်လင်မယားကို ဝယ်စားလို့မရနိုင်တဲ့နေရာတွေက စာဖတ်သူတို့အတွက် ဒါမှမဟုတ် မိမိအိမ်မှာ ကိုယ့်ဘာသာကိုယ် လုပ်စားချင်တဲ့သူတွေအတွက် မုန့်လင်မယားလုပ်နည်းကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ဆန်မှုန့်ညှက် ပန်းကန် ၁ လုံး
  • ရေ ပန်းကန် ၁ လုံးခွဲ
  • ဂျင်း (ချင်း)
  • ကြက်သွန်မြိတ်အနည်းငယ်
  • စားတော်ပဲပြုတ်

  • ငုံးဥ
  • ဆား
  • သကြား
  • ဟင်းခတ်မှုန့်အနည်းငယ်
  • နှမ်းထောင်း၊ ဆီ

ပြုလုပ်နည်း

ဆန်မှုန့်ကို ရေနဲ့ ဖျော်ပေးလိုက်ပါ။ ရေ အကျဲအပျစ် မိမိနှစ်သက်သလိုလုပ်ပေးနိုင်ပါတယ်။ ချင်းအနည်းငယ်ကို ခြစ်လိုက်ပြီး အရည်ကိုပဲ မုန့်နှစ်ရည်ထဲကို ညှစ်ထည်းပေးပါ။ ကြက်သွန်မြိတ် ပါးပါးလှီး ထည့်ပေးပါ။

ဆား၊ သကြားလေးအနည်းငယ်၊ ဟင်းခတ်မှုန့်အနည်းငယ်တို့ထည့်ပြီးတော့ အားလုံးကို သမအောင် သေချာမွှေပေးလိုက်ပါ။ ငုံးဥကြိုက်ရင်လည်း ငုံးဥလေးတွေ အသင့်ပြင်ထားလိုက်ပါ။ တကယ်တော့ ငုံးဥမထည့်လည်းရပါတယ်။

ဆီကို ပန်းကန်တစ်လုံးထဲထည့်ထားပြီး ဆီစုပ်တံလေးပါ တပ်ပေးထားပါ။

မုန့်လုပ်မယ့်အိုးကို ဆီနဲ့အရင်သုပ်လိမ်းပေးပါ။ မုန့်အိုးကို မီးဖိုပေါ်တည်လိုက်ပြီး ပူလာပြီဆိုရင်တော့ မုန့်နှစ်ကို တစ်ခွက်ချင်းဖြည်းပြီး ကြော်ပေးရပါမယ်။ ငုံးဥလေးရယ် ပဲပြုတ်ရယ် ထည့်ပေးလိုက်ပါ။ အပေါ်ကနေ ဆီလေးနည်းနည်းဖြန်းပါ။ မုန့်သားကျက်ရင် မုန့်အုပ်တစ်ခုနဲ့တစ်ခုကို ထပ်အုပ်ပေးလိုက်ပါ။ ပြီးရင်တော့ သုံးဆောင်လို့ရပါပြီနော်။

နှမ်းဆားလှော်လေးကို ဖြူးပြီးသုံးဆောင်နိုင်ပါတယ်။

By: MyFood Myanmar