အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ မြန်မာမုန့်လုပ်နည်းလေးကို ဝေမျှချင်ပါတယ်။ ပါဝင်ပစ္စည်းတွေကိုလည်း လွယ်လွယ်ကူကူ ရှာဝယ်လို့ရပြီး ပြုလုပ်ရမယ့် အဆင့်တွေကလည်း ရိုးရှင်းတာကြောင့် အိမ်ရှင်မတိုင်း သဘောကျမယ်လို့ မျှော်လင့်မိပါတယ်။

ပါဝင်ပစ္စည်းများ

  • ငှက်ပျောသီး ၈ လုံး
  • ရွှေကြည်အမှုန့် ၂၄၀ မီလီလီတာခန့်
  • ဂျုံမှုန့် ၂၄၀ မီလီလီတာခန့်
  • သကြား ၂၅၀ မီလီလီတာခန့်
  • အုန်းနို့ရည် ၄၀၀ မီလီလီတာခန့်

  • ခြစ်ပြီးသား အုန်းသီးဖတ်များ ၂၄၀ မီလီလီတာခန့်
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်
  • ထောပတ် စားပွဲတင်ဇွန်း ၈ ဇွန်း
  • ဘိန်းစေ့အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

ငှက်ပျောသီးများကို ခက်ရင်းဖြင့် ကြိတ်ချေလိုက်ပါ။ အုန်းသီးဖတ်များ၊ ထောပတ်နှင့် အုန်းနို့ရည်ကို စားစရာများတုံးတစ်ရောနှောသည့်စက်ထဲထည့်ကာ မွှေပေးလိုက်ပါ။

ထို့နောက် ရရှိလာသော အုန်သီးခရင်မ်များကို ကြိတ်ချေထားသော ငှက်ပျောသီးနဲ့ ရောပြီး ပန်းကန်လုံးအကြီးထဲထည့်လိုက်ပါ။ သကြား၊ ဆား၊ ဂျုံနှင့် ရွှေကျီမှုန့်များကိုပါ ရောထည့်ကာ သမအောင်မွှေပေးလိုက်ပါ။

နောက်တစ်ဆင့်အနေနဲ့ မုန့်ဖုတ်တဲ့အခါ အသုံးပြုတဲ့လင်ဗန်းကို ဆီဖြင့်သုတ်လိမ်းထားပြီး စောစောက သမအောင် ရောမွှေထားသည့် ငှက်ပျောသီး အုန်းသီးခရင်မ်များကို လင်ဗန်းပေါ်လောင်းထည့်လိုက်ပါ။ ဘိန်းစေ့များကို ငှက်ပျောသီးအနှစ်ရဲ့ မျက်နှာပြင်ပေါ် ဖြူးပေးလိုက်ပါ။ ထို့နောက် Oven ထဲမှာ ၃၅ ဒီဂရီ စင်တီဂရိတ် (၁၇၅ ဒီဂရီဖာရင်ဟိုက်)ဖြင့် အပူပေးပြီး ၂ နာရီခန့် ထည့်ထားလိုက်ပါ။

အချိန်ပြည့်ပြီဆိုရင်တော့ အအေးခံပြီး မိမိစိတ်ကြိုက်အတုံးများ လှီးဖြတ်ကာ အချိုပွဲအဖြစ်သုံးဆောင်နိုင်ပါပြီ။

Source: yangonlife.com.mm