My Food ခေါက်ဆွဲကြော်

Share this on:

My Food ခေါက်ဆွဲကြော်က ပန်းသေးခေါက်ဆွဲကြော်နဲ့တော့ ဆင်တင်တင်ပါဘဲ ။  ခါတိုင်းတော့ ကြက်သားကို အနှစ်နဲနဲနဲ့ အရင် ချက်ပြီးမှ ခေါက်ဆွဲကို ကြော်လေ့ရှိပါတယ် ။  ဒီတခါတော့ လုပ်ပြီးသား ကြက်သားရှိတော့ မချက်တော့ဘဲ တခါတည်း တမ်းပြီး ခေါက်ဆွဲနဲ့ ကြော်ပါတယ် ။  အမေက ဟင်းခပ်မှုန့် အချိုမှုန့်ကို သုံးလေ့ မရှိပါဘူး ။  ဒါပေမဲ့ အမြဲတမ်းတော့ ဗူးလေးကိုတော့ စားပွဲပေါ်မှာ ချထားပေးတတ်ပါတယ် ။  စားတတ်တဲ့သူတွေ အတွက်ပါ ။ အိမ်က ကလေးတွေကတော့ သူတို့ ကြိုက်သမျှ ဗန်းထဲက အဆာပလာတွေကို ထည့်နေလေရဲ့ ။  ဒီခေါက်ဆွဲကြော်က မိသားစုတွေ ဆုံတဲ့ အခါမှာ လုပ်စားလို့ ကောင်းတဲ့ အစားအစာတမျိုးပါဘဲ ။  လုပ်စားကြည့် ကြပါ ။

IMG_5557

13444053_10154525171578132_461102364_n

ပါဝင်သော ပစ္စည်းများ

  • ကြက်သား ၊ အမြစ် ၊ ကြက်အူ
  • ခေါက်ဆွဲ ၁ ပန်းကန်စာ
  • ခရမ်းချဉ်သီး (မထူမပါး လှီးထားပါ) သခွါးသီး (ပါးပါးလှီးထားပါ) အနည်းငယ်
  • ဂေါ်ဖီ (ပါးပါးလှီးထားပါ) များများ
  • ကြက်သွန်နီ (ပါးပါးလှီးထားပါ) အနည်းငယ်
  • ငရုပ်သီးစိမ်း (ပါးပါးလှီးထားပါ) အနည်းငယ်
  • ပူတီနံ
  • နံနံပင်
  • ဆား အနည်းငယ်
  • ဆီ အနည်းငယ်
  • ကြက်ဥ ၁ လုံး
  • အရောင်တင်မှုန့် အနည်းငယ်
  • ပဲငံပြာရည် အပြစ် ၁ ဇွန်း ၊ Maggi Seasoning အနည်းငယ်
  • Five Spice Powder (တရုပ်မဆလာ) အနည်းငယ်
  • ဂျင်း အနည်းငယ်
  • သံပုရာသီး ၁ စိပ်

ပြုလုပ်နည်း

  1. ဒယ်အိုးထဲ ဆီ အနည်းငယ် ထည့်ပြီး ဆီပူလျင် ကြက်သွန်နီ ၊ ဂျင်း ၊ ခရမ်းချဉ်သီး တို့ထည့်ပါ ။
  2. ခေါက်ဆွဲကို ပဲငံပြာရည် အပြစ် ၊ ဆီ နဲနဲနှင့် နှံ့စပ်အောင် နယ်ထားပါ ။
  3. ခရမ်းချဉ်သီး အနည်းငယ် နွမ်းသည်နှင့် အရောင်တင်မှုန့် ထည့်ပါ ။
  4. ပြီးလျင် လှီးထားသော ကြက်သား ၊ အမြစ် ၊ ကြက်အူတို့နှင့် Maggi Seasoning အနည်းငယ်တို့ကို ထည့်ပါ ။
  5. ပြီးလျင် ဂေါ်ဖီ များများ ၊ တရုပ်မဆလာ နှင့် ဆားကို ထည့်ပြီး နှံ့စပ်အောင် မွှေပါ ။
  6. အိုးထဲမှ အဆာပလာများ နှံ့စပ်သွားလျင် ခေါက်ဆွဲကို ထည့်ရ်ျ မီးဖိုမီးကို မြှင့်ရ်ျ ကြော်ပါ ။
  7. ပြီးလျင် အနံ့ အရသာကို မြည်းရ်ျ လိုအပ်သည်များကို ပြင်ဆင်ထည့်ပါ ။
  8. အရသာ အနေတော် ဖြစ်လျင် မိမိ ကြိုက်နှစ်သက်ရာ ပူတီနံ ၊ နံနံပင် ၊ ငရုတ်သီးစိမ်း တို့ကို အုပ်ပြီး မီးဖိုပေါ်မှ ချလို်ပါ ။
  9. ခေါက်ဆွဲကြော် ပေါ်တွင် ကြက်ဥကြော်ကို တင်ပြီး သံပုရာသီးကို အပေါ်မှ ညှစ်ချရ်ျ သုံးဆောင်လို့ ရပါပြီ ။
  10. အိမ်မှ ညီမ အပျိုကြီးကတော့ အပျိုကြီးပီသစွာနဲ့ ခွက်ထဲမှာ လှီးထားတဲ့ သခွားသီး ၊ ကြက်သွန်နီ ၊ ငရုတ်သီးစိမ်း ၊ ဆား ၊သကြား အနည်းငယ် ထည့်ပြီး သံပုရာရည် ညှစ်ပြီး အချဉ်လုပ်ရ်ျ ခေါက်ဆွဲကြော်နှင့် တွဲစားပါသည် ။
My Food Myanmar

Review

User Rating

3.7 (12 Votes)