ခိုတောင်မုန့်တီ နဲ့ နန်းကြီးသုပ်လေးပါ။ ဈေးထဲမှာ ရောင်းတဲ့ ခိုတောင်မုန့်တီသည်တွေလို သုပ်ထားပြီး အရသာမူန့် မသုံးပဲ ငါးဖယ်စစ်စစ်နဲ့ ငါးကြင်းဖြူ ဗိုက်သားလေးတွေနဲ့ ချက်ထားပြီး၊ ပိတ်ဆွယ် ဟင်းချို လေးလဲ ချက်ထားပါတယ်။

ပါဝင်ပစ္စည်းများ

  • ခိုတောင်မုန့်ဖက် – ၅၀သား
  • ငါးဖယ်ခြစ် (ဆားသင့်ရုံဖြင့်နယ်ထားပါ) – ၁၅ ကျပ်သား
  • ငါးကြင်းဖြုှ ဗိုက်သား – ၁၅ ကျပ်သား
  • ငါးအူစီဖေါင်း – ၅၀၀ ဖိုး
  • ပဲပင်ပေါက် နဲ့ ဘိုစားပဲ (အစောင်း ပါးပါးလှီးပြီး ရေနွေး ဖျောထားပါ။)
  • ဂျင်း – အနည်းငယ်
  • စပါးလင် – ၂ပင်
  • ငံပြာရည်
  • ရှောက်သီး
  • နံနံပင်
  • ကြက်သွန်နီဥသေး (လိုသလောက်)
  • ဘယာကြော် ၊ ဒညင်းသီး (နှစ်သက်လျှင်ထည့်ရန်)
  • ဆီနီ
  • ဆီဝါ
  • ပဲမှုန့်အကျက် (လိုသလောက်)
  • ပိတ်ဆွယ် – ၂ စည်း
  • ပုစွန်ခြောက်သေးသေးလေး – အနည်းငယ်
  • ဆား

ပြင်ဆင်ပြုလုပ်နည်း

ပဲပင်ပေါက် နဲ့ ဘိုစားပဲ အစောင်း ပါးပါးလှီးပြီး ရေနွေးဖျောထားပါ။

ဆီနီ၊ ဆီဝါ ချက်ထားပါ။ ဆီနီအတွက် ငြုပ်ပွခြောက်ကို အစေ့ဖယ်ရျ် Blenderနဲ့ အမှုန့်ကြိတ်ပြီး ဆီပူလာအောင် တည်ပါ။ ဆီကျက် လာလျှင် ခဏ ထားကာ ငြုပ်မှုန့် ထည့်ထားတဲ့ ပန်းကန်ထဲကို ဆီလောင်း ထည့်လိုက်ပါ။

ပိတ်ဆွယ် ၂ စည်းကို အကြမ်းများဖယ်ကာ နုတာလေးတွေကို( စိတ်ကြိုက်အနေလှီးထားပါ)

အရင်ဆုံး ဟင်းရည် အတွက်ကို ရေဆူအောင် တည်ပါ။ ငါးအူစီဖောင်းလေးတွေကို ဆား အနည်းငယ်၊ ရှာလကာရည် အနည်းငယ်ဖြင့် သေချာ ဖွဖွနယ် ဆေးပါ။ ရေစင်သွားလျှင် ဆားသင့်ရုံ နယ်ကာ စပါးလင် တစ်ပင် ထုကာ ရေနွေးအနည်းငယ်မှာ ထည့်ပြုတ်ပါ။ခဏ ပြုတ်ပြီး ဆယ်ယူထားပါ။ ငါးဗိုက်သားများကို သန့်စငိရျ် ဆားနယ်ပြီး ဆက်ပြုတ်ကာ ဆယ်ယူပါ။

ပွက်ပွက်ဆူနေသည့် ဟင်းရည်အိုးထဲသို့ စပါးလင် တစ်ပင် ထုထည့်၊ ပုစွန်ခြောက်အနည်းငယ်၊ ဂျင်းမညက်တစ်ညက်ထောင်း၊ ဆား သင့်ရုံထည့်ကာ၊ ပိတ်စွယ်ထည့်၊ ငါးဖယ်များ လုံးထည့် ကာ အပေါ့အငံပြင်ရျ် တရုတ်နံနံ (သို့) ဗမာနံနံလေး ထည့်လိုက်လျှင် ပိတ်စွယ် ဟင်းရည် ပူပူလေးရပါပြီ။

ဟင်းပွဲပြင်ရန် ပန်းကန်လုံးထဲသို့ မုန့်ဖက်၊ ငံပြာရည်၊ ပဲမှုန့်၊ ဆီနီ၊ ဆီဝါ၊ ဘယာကြော်၊ ပဲပင်ပေါက်၊ ပဲသီး၊ ဒညင်းသီး (နှစ်သက်လျှင်) ပိတ်စွယ် ဟင်းရည်ဆမ်း သေချာနယ်ပေးပြီး အရသာ စိတ်ကြိုက်ပြင်ကာ ငါးဖယ်၊ ငါးဗိုက်သား အူစီဖောင်း၊ပိတ်စွယ်ချောင်းလေးများ ဟင်းရည် ပန်းကန်ထဲ ထည့်ကာ ကြက်သွန်နီကြော်ဖြူးကာ ပူပူလေး စားလို့ရပါပြီ။ (အချဉ်အတွက် ကြက်သွန်နီလေးများ စိတ်ကာ ရှောက်ရည် ဆမ်းပါ။)

ငါးဖယ် အစား ငါးကြင်းခြစ်နဲ့လဲ စားလို့ ကောင်းပါတယ်။မုန့်ဖက် ကတော့ ခိုတောင်က မှာထားတဲ့ မုန့်ဖက်လေးက ပိုစားကောင်းပါတယ်။

Credit: Soe’s Cooking Collection