မုန်ညှင်းဖြူက ကျန်းမာရေးကို အဓိက အထောက်အကူပြုတဲ့ ဟင်းသီးဟင်းရွက် အမျိုးအစားထဲမှာပါဝင်ပါတယ်။

landscape-1445720571-g-heart-disease-168832618

နှလုံးရောဂါကို ကာကွယ်ပေး

မုန်ညှင်းဖြူမှာ ဗီတာမင် B9 ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး နှလုံးလုပ်ဆောင်မှုကို အဓိက ပံ့ပိုးပေးတဲ့ ဓာတ်လည်းဖြစ်ပါတယ်။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ နှလုံးရုတ်တရပ် ရပ်တန့်မှုကိုဖြစ်စေတဲ့ Homocysteine တွေကိုလည်း ဖယ်ရှားပေးပါတယ်။ နှလုံးသွေးကြောထဲမှာ ကိုလက်စထရောတွေ အနယ်ကျတာကိုလည်း ထိန်းချုပ်ပေးပါတယ်။

brain-health

ဦးနှောက်ကျန်းမာရေးကိုလည်း ထောက်ပံ့ပေး

မုန်ညှင်းဖြူမှာ ကော့ပါးဓာတ်တွေ အများကြီးပါဝင်တာကြောင့် ဦးနှောက်နဲ့ပတ်သက်တဲ့ လုပ်ငန်းဆောင်တာတွေကို ကာကွယ်ပေးပါတယ်။ မုန်ညှင်းဖြူကို ဦးနှောက်အတွက် အစားအစာလို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ ဆင်ခြင် သုံးသပ်မှုနဲ့ ဆုံးဖြတ်နိုင်စွမ်းရှိတဲ့ ဘယ်ဘက် ဦးနှောက်ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ ကော့ပါးဓာတ်တွေလျော့နည်းရင် ဦးနှောက်နဲ့ အာရုံကြော ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်ပါတယ်။

493x335_type2_diabetes_rmq

ဆီးချိုရောဂါကို ကာကွယ်ပေး

အစာခြေတဲ့ အင်ဇိုင်းစနစ်ဖြစ်တဲ့ Gluconeogenesis ကို မုန်ညှင်းဖြူမှာပါဝင်တဲ့ Manganese က အဓိက ထောက်ပံ့ပေးပါတယ်။ Gluconeogenesis က သွေးအတွင်း သကြားဓာတ်ကို ထိန်းညှိပေးပါတယ်။ ဒါကြောင့် ဆီးချိုရောဂါဖြစ်စေတဲ့ သွေးအတွင်း သကြားဓာတ်များခြင်းကို ထိန်းညှိပေးနိုင်တာ ကြောင့် ဆီးချိုရောဂါကို သက်သာ ကာကွယ်ပေးပါတယ်။

dolor_menstrual

ဓမ္မတာမလာခင်နဲ့ လာချိန်မှာ နာကျင်တာတွေကို သက်သာစေ

မုန်ညှင်းဖြူမှာ သတ္တုဓာတ်တွေ အများကြီးပါဝင်တာကြောင့် ဓမ္မတာမလာခင်နဲ့ လာချိန်မှာ ခံစားရတာတွေဖြစ်တဲ့ ခေါင်းမူး၊ စိတ်တို၊ စိတ်အပြောင်းအလဲ မြန်တာတွေ ကို သက်သာစေပါတယ်။

web-child-asthma-istock

ပန်းနာရင်ကျပ် ရောဂါကိုလည်းကာကွယ်ပေး

နာတာရှည် ပန်းနာရင်ကျပ် ရောဂါခံစားနေရသူတွေအနေနဲ့လည်း မုန်ညှင်းဖြူကို စားပေးသင့်ပါတယ်။ မုန်ညှင်းဖြူမှာ Magnesium ဓာတ်တွေ ပါဝင်တာကြောင့် အသက်ရှည်လမ်းကြောင်း ကြွက်သားတွေကို အားကောင်းစေကာ သက်တောင့်သက်သာဖြစ်စေပြီး ပုံမှန်အသက်ရှူနိုင်အောင် ကူညီပေးပါတယ်။

Source: Health Benefits Times.com