(Zawgyi)

ဖ်ားနာ လာၿပီဆိုရင္ ဆရာ၀န္ဆီသြားၿပီး Antibiotic ေဆးေတြ ေသာက္ၾကရပါတယ္။ ေဆးေတြမွာလည္း က်န္းမာေရးကို ထိခိုက္ႏိုင္တဲ့ Side Effects မ်ားစြာ ရွိပါတယ္။ ဒါေၾကာင့္ နဂိုကတည္းက မဖ်ားေအာင္၊ ေရာဂါပိုးေတြမ၀င္ေအာင္၊ ေရာဂါပိုးေတြ ခုခံႏိုင္ေအာင္ သဘာ၀နည္းလမ္းနဲ႔ ခႏၶာကိုယ္ရဲ႕ ကိုယ္ခံအားစနစ္ကို တည္ေဆာက္ထားရေအာင္။

VitaminC

ဗီတာမင္ စီ

ဗီတာမင္စီက အသီးအႏွံေတြ ေတာ္ေတာ္မ်ားမ်ား မွာေတြ႔ရၿပီး အထူးသျဖင့္ လိေမၼာ္သီးနဲ႔ နာနတ္သီးတုိ႔မွာ ပိုမ်ားပါတယ္။ ဗီတာမင္စီက ခႏၶာကိုယ္ရဲ႕ ခုခံအားစနစ္ကို ခိုင္မာေအာင္ လုပ္ေဆာင္ႏိုင္ပါတယ္။ ဒါေၾကာင့္ အေအးမိခ်ိန္မွာ လိေမၼာ္သီးစားသံုးေပးသင့္ပါတယ္။

ဗီတာမင္ စီက အေရျပားက ပ်က္စီးသြားတဲ့ ဆဲလ္ေတြျပဳျပင္ဖို႔နဲ႔ က်န္းမာေရးအတြက္လည္း အရမ္းအေရးႀကီးပါတယ္။

ျဖစ္ႏိုင္ရင္ ေအာ္ဂန္းနစ္ (Organic) လိေမၼာ္သီးကို တစ္ပတ္မွာ ၂ ရက္ ၃ ရက္ေလာက္ အနည္းဆံုး စားေပးပါ။

Manuka_honey_in_a_bowl-750x500

ပ်ားရည္

ပ်ားရည္မွာ ေရာဂါ ပိုးမႊားေတြကို တိုက္ဖ်က္ႏိုင္တဲ့ (Antibiotic) ေတြပါ၀င္ပါတယ္။

Cinnamon_Variaties_-_Robin-750x416

သစ္ၾကမ္းပိုးေခါက္

သစ္ၾကမ္းပိုးေခါက္ကေတာ့ က်န္းမာေရးအတြက္ဆို အဖိုးတန္တဲ့ ေရႊလိုပါဘဲ။ ေသြးေပါင္ခ်ိန္ကို ထိန္းညွိေပးၿပီး ဆီးခ်ိဳေရာဂါသမားေတြအတြက္ဆိုရင္ ခႏၶာကိုယ္အတြင္းရွိ သၾကားဓာတ္ေတြကိုလည္း ေလ်ာ့ခ်ေပးႏိုင္ပါတယ္။ အဲ့ဒီအျပင္ ေရာဂါပိုးမႊားေတြကို တိုက္ဖ်က္ႏိုင္တဲ့ (Antibiotic) ဓာတ္ေတြလည္း ပါပါတယ္။

သစ္ၾကမ္းပိုးေခါက္ကို ဟင္းလ်ာေတြထဲမွာထည့္ၿပီးစားသံုးလည္းရပါတယ္။ သစ္ၾကမ္းပိုးေခါက္ကို ေရထဲမွာ ႀကိဳၿပီး အဲ့ဒီေရကို ေရခဲေသတၱာထဲထည့္ထားကာ တစ္ေန႔ကို စားပြဲတင္ဇြန္း ၃ ဇြန္းေလာက္ ေသာက္သံုးေပးလို႔လည္းရပါတယ္။

ginger-389906_640

ဂ်င္း

ဂ်င္းက တုပ္ေကြး ဖ်ားနာေတြအတြက္ဆိုရင္ မရွိမျဖစ္ပါဘဲ။ အစာအိမ္ ေရာဂါေတြ ပ်ိဳ႕အန္တာေတြ၊ အဆစ္အျမစ္ကိုက္ခဲတာ၊ ၾကြက္သားေတြကို ကုသရာမွာလည္း ေကာင္းပါတယ္။

ဒါေပမယ့္ ကိုယ္၀န္ေဆာင္ခ်ိန္နဲ႔ ကိုယ္၀န္ယူခ်င္တယ္ဆိုရင္ေတာ့ ဂ်င္းကို အမ်ားႀကီး စားသံုးတာေတြ ေရွာင္ၾကဥ္သင့္ပါတယ္။ ဂ်င္းအမ်ားႀကီးစားသံုးတာနဲ႔ ကိုယ္၀န္ သေႏၶေနရာမွားတည္တာတုိ႔က ဆက္စပ္ေနတယ္လုိ႔ ကၽြမ္းက်င္ပညာရွင္ေတြက ဆုိပါတယ္။

(Unicode)

ဖျားနာ လာပြီဆိုရင် ဆရာဝန်ဆီသွားပြီး Antibiotic ဆေးတွေ သောက်ကြရပါတယ်။ ဆေးတွေမှာလည်း ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ Side Effects များစွာ ရှိပါတယ်။ ဒါကြောင့် နဂိုကတည်းက မဖျားအောင်၊ ရောဂါပိုးတွေမဝင်အောင်၊ ရောဂါပိုးတွေ ခုခံနိုင်အောင် သဘာဝနည်းလမ်းနဲ့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို တည်ဆောက်ထားရအောင်။

VitaminC

ဗီတာမင် စီ

ဗီတာမင်စီက အသီးအနှံတွေ တော်တော်များများ မှာတွေ့ရပြီး အထူးသဖြင့် လိမ္မော်သီးနဲ့ နာနတ်သီးတို့မှာ ပိုများပါတယ်။ ဗီတာမင်စီက ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ခိုင်မာအောင် လုပ်ဆောင်နိုင်ပါတယ်။ ဒါကြောင့် အအေးမိချိန်မှာ လိမ္မော်သီးစားသုံးပေးသင့်ပါတယ်။

ဗီတာမင် စီက အရေပြားက ပျက်စီးသွားတဲ့ ဆဲလ်တွေပြုပြင်ဖို့နဲ့ ကျန်းမာရေးအတွက်လည်း အရမ်းအရေးကြီးပါတယ်။

ဖြစ်နိုင်ရင် အော်ဂန်းနစ် (Organic) လိမ္မော်သီးကို တစ်ပတ်မှာ ၂ ရက် ၃ ရက်လောက် အနည်းဆုံး စားပေးပါ။

Manuka_honey_in_a_bowl-750x500

ပျားရည်

ပျားရည်မှာ ရောဂါ ပိုးမွှားတွေကို တိုက်ဖျက်နိုင်တဲ့ (Antibiotic) တွေပါဝင်ပါတယ်။

Cinnamon_Variaties_-_Robin-750x416

သစ်ကြမ်းပိုးခေါက်

သစ်ကြမ်းပိုးခေါက်ကတော့ ကျန်းမာရေးအတွက်ဆို အဖိုးတန်တဲ့ ရွှေလိုပါဘဲ။ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး ဆီးချိုရောဂါသမားတွေအတွက်ဆိုရင် ခန္ဓာကိုယ်အတွင်းရှိ သကြားဓာတ်တွေကိုလည်း လျော့ချပေးနိုင်ပါတယ်။ အဲ့ဒီအပြင် ရောဂါပိုးမွှားတွေကို တိုက်ဖျက်နိုင်တဲ့ (Antibiotic) ဓာတ်တွေလည်း ပါပါတယ်။

သစ်ကြမ်းပိုးခေါက်ကို ဟင်းလျာတွေထဲမှာထည့်ပြီးစားသုံးလည်းရပါတယ်။ သစ်ကြမ်းပိုးခေါက်ကို ရေထဲမှာ ကြိုပြီး အဲ့ဒီရေကို ရေခဲသေတ္တာထဲထည့်ထားကာ တစ်နေ့ကို စားပွဲတင်ဇွန်း ၃ ဇွန်းလောက် သောက်သုံးပေးလို့လည်းရပါတယ်။

ginger-389906_640

ဂျင်း

ဂျင်းက တုပ်ကွေး ဖျားနာတွေအတွက်ဆိုရင် မရှိမဖြစ်ပါဘဲ။ အစာအိမ် ရောဂါတွေ ပျို့အန်တာတွေ၊ အဆစ်အမြစ်ကိုက်ခဲတာ၊ ကြွက်သားတွေကို ကုသရာမှာလည်း ကောင်းပါတယ်။

ဒါပေမယ့် ကိုယ်ဝန်ဆောင်ချိန်နဲ့ ကိုယ်ဝန်ယူချင်တယ်ဆိုရင်တော့ ဂျင်းကို အများကြီး စားသုံးတာတွေ ရှောင်ကြဉ်သင့်ပါတယ်။ ဂျင်းအများကြီးစားသုံးတာနဲ့ ကိုယ်ဝန် သန္ဓေနေရာမှားတည်တာတို့က ဆက်စပ်နေတယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။