မကြာခင်မှာ မိုးတွင်းကို ရောက်တော့မှာဆိုတော့ ခြင်တွေကတော့ ပိုပိုပေါလာပါပြီ။ ခြင်ကိုက်ခံရတဲ့အခါမှာ ကိုက်ခံရတဲ့ နေရာက  တခါတလေ အရမ်းယားပြီး ဖောင်းလာတတ်ပါတယ်။ ခြင်ကိုက်ဒဏ်ရာတွေမှာ လိမ်းနိုင်မယ့် သဘာဝ ဆေးနည်းကို မိတ်ဆက်ပေးချင်ပါတယ်။

ရှာလကာရည်

ခြင်ကိုက်ခံရလို့ ဖောင်းနေတဲ့ နေရာကို ရှာလကာရည်အနည်းငယ်လောက် သုတ်လိမ်းပေးထားပါ။

2

တစ်ကိုယ်လုံးအများကြီး ကိုက်ခံထားရတယ်ဆိုရင် ရေချိုးကန်ထဲမှာ ရေနွေးပူပူလေးထည့်ထားကာ ရှာလကာရည် ၂ ခွက်ခွဲလောက်ထည့်ပြီးစပ်ကာ ချိုးလိုက်ပါ။ ဖြစ်နိုင်ရင် organic ပန်းသီး ရှာလကာရည်ကို သုံးပါ။

7

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ကလည်း ခြင်ကိုက်ဒဏ်ရာတွေအတွက် အသုံးဝင်တဲ့ သဘာဝ ဆေးနည်းဖြစ်ပါတယ်။ ခြင်ကိုက်လိုက် ယားပြီး ဖောင်းနေတာကို သက်သာစေရုံသာမက ခြင်ကိုက် ဒဏ်ရာကိုပါ ပျောက်ကင်းစေပါတယ်။ ရှားစောင်းလက်ပတ်အပင်ကနေ တိုက်ရိုက် ရှားစောင်းလက်ပတ်အနှစ်ကို ယူပြီး လိမ်းလိုက်ပါ။

12

ဆပ်ပြာ

ခြင်ကိုက်လို့ယားနေရင် ရေမစွတ်ထားတဲ့ ဆပ်ပြာတုံးက ဆပ်ပြာ နည်းနည်းယူပြီး ပွတ်လိုက်ပါ။ ယားတာ သက်သာသွားပါလိမ့်မယ်။ ယားတာ သက်သာသွားရင်တော့ ရေဆေးချလိုက်ပါ။

11

မုန့်ဖုတ်ဆိုဒါနဲ့ ရေ

မုန့်ဖုတ်ဆိုဒါကို ရေနဲ့ ရောပြီး ပြစ်ပြစ်လေး ဖျော်လိုက်ပါ။ ကိုက်ခံထားရလို့ ယောင်နေ ဖောင်းနေတဲ့နေရာကို လိမ်းပေးလိုက်ပါ။ လိမ်းပြီးရင် ယားတာ၊ ယောင်တာတွေ သက်သာတာကို တွေ့ရပါလိမ့်မယ်။

6

ကြက်သွန်နီ

ကြက်သွန်နီကို ခပ်ပါးပါးလှီးပြီး ခြင်ကိုက်သွားတဲ့နေရာမှာ မိနစ် အနည်းငယ် ကပ်ထားပေးပါ။ ကြက်သွန်နီကို ခွာပြီး ကပ်ထားတဲ့နေရာကို ရေပြန်ဆေးပါ။

9

သွားတိုက်ဆေး

ခြင်ကိုက်ခံရတဲ့ ဒဏ်ရာကို အလျင်အမြန် သက်သာစေချင်ရင် သွားတိုက်ဆေးကို ဒဏ်ရာပေါ်မှာ အုံထားပေးပါ။ ချက်ခြင်းယားတာရော ရောင်တာပါ သက်သာသွားပါလိမ့်မယ်။ သွားတိုက်ဆေးကို ခြောက်တဲ့အချိန်အထိ ခဏလောက်ထားထားပေးပါ။