ကျန်းမာရေး - Health

အအေးမိ ဖျားနာအတွက် သဘာဝ ဆေးနည်း

May 20, 2017

အအေးမိ ဖျားနာအတွက် သဘာဝ ဆေးနည်း

Share this on:

အခုဆိုရင် မိုးတွင်း ရောက်တော့မယ်နော်။ ဒီရက်ပိုင်းထဲမှာ မိုးတွေ သဲသဲမဲမဲ ရွာလာတာကြောင့် မိုးမိပြီး ဖျားချင်ချင်တွေဖြစ်နေကြပြီနော်။ ဒါကြောင့် အအေးမိ ဖျားနာတွေအတွက် သဘာဝ ဆေးနည်းလေးကို မိတ်ဆက်ပေးချင်ပါတယ်။ ဒါကတော့ ပျားရည်နဲ့ သစ်ကြမ်းပိုးခေါက်ပါ။

သစ်ကြမ်းပိုးခေါက်ကတော့ တိုင်းရင်းဆေးနည်းမှာတော့ နာမည်ကြီးလှပါတယ်။ ဒါကြောင့် ဒန်ပေါက်တို့ဘာတို့လို ဟင်းတွေမှာလည်း ထည့်ချက်ကြပါတယ်။ သွေးတိုး၊ ဆီးချို၊ ကင်ဆာ စတဲ့ ရောဂါမျိုးစုံကို ကာကွယ်ရာမှာလည်း အစွမ်းထက်လှပါတယ်။

2

အအေးမိ ဖျားနာတွေအတွက်

အအေးမိလာပြီဆိုရင်

  • ပျားရည် စားပွဲတင်ဇွန်း တစ်ဇွန်း
  • သစ်ကြမ်းပိုးခေါက် စားပွဲတင်ဇွန်း ၄ ပုံ ၁ ပုံ

4

သောက်သုံးနည်း

အထက်ဖော်ပြထားတဲ့ ပျားရည်နဲ့ သစ်ကြမ်းပိုးခေါက် တို့ကို ရောပြီး ၃ ရက်ဆက်တိုက် သောက်သုံးလိုက်ပါ။ သာမန် အအေးမိဖျားနာတာတွေနဲ့ နှာစေးချောင်းဆိုးတို့ကို သက်သာ ပျောက်ကင်းစေပါတယ်။

3

ကိုယ်ခံအားကို မြှင့်တင်ပေးခြင်း

နေ့စဉ် ပျားရည်နဲ့ သစ်ကြမ်းပိုးခေါက်မှုန့် ကို တွဲလျက်စားသုံးပေးရင် ကိုယ်ခံအားကို မြှင့်တင်ပေးပြီး ဘက်တီးရီးယားနဲ့ ဗားရက်စ်ဝင်ရောက်မှုနှုန်းကိုလည်း ကာကွယ်ပေးပါတယ်။

1

FLU

ပျားရည်မှာ ရောဂါ ဖြစ်စေနိုင်တဲ့ ဗားရက်စ်တွေကို သေစေနိုင်တဲ့ အစွမ်းရှိတာကြောင့် FLU ဖြစ်တာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

အအေးမိ ဖျားနာအတွက် သဘာဝ ဆေးနည်း

User Rating

3.7 (3 Votes)