အသီးအနှံတွေက အရမ်းကောင်းပါတယ်။ သူတို့မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရတွေအများကြီးပါဝင်နေပေမယ့် တချို့ အသီးတွေကတော့ တွဲပြီးစားမိရင် ကျန်းမာရေးကို ထိခိုက်စေပါတယ်။

ငှက်ပျောသီးနဲ့ ပူတင်း

1

ငှက်ပျောသီးနဲ့ ပူတင်းက တွဲလျက်စားဖို့ မကောင်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစာချေရ ခက်ခဲလို့ပါ။ ဒီလို တွဲလျက် စားသုံးတာက ဦးနှောက်ကိုလည်းလေးလံစေပါတယ်။ မွေးကင်းစ ကလေးတွေမှာဆိုရင် အရမ်း အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ဒီအသီး ၂ မျိုးကို တတ်နိုင်သမျှ မစားသုံးပါနဲ့။

မုန်လာဥနီနဲ့ လိမ္မော်သီး

2

မုန်လာဥနီ နဲ့ လိမ္မော်သီး ဖျော်ရည်က ကျန်းမာရေးအတွက် ကောင်းမွန်တယ်လို့ နာမည်ကြီးတာကြောင့် လူတိုင်း နေ့စဉ် သောက်သုံးကြပါတယ်။ မုန်လာဥနီတစ်မျိုးတည်း နေ့စဉ်သောက်သုံးတာက အဆင်ပြေပေမယ့် လိမ္မော်သီးနဲ့ တွဲလျက် စားသုံးမယ်ဆိုရင်တော့ အစာမချေ ဗိုက်အောင့်တာတွေ ဖြစ်နိုင်ပါတယ်။

တချို့ပြင်းထန်တဲ့ အချိန်တွေမှာဆိုရင် ကျောက်ကပ် ပျက်စီးစေတတ်တာကြောင့် နေ့တိုင်းနီးပါးတော့ တွဲလျက် မသောက်သုံးသင့်ပါဘူး။

နွားနို့နဲ့ နာနတ်သီး

3

နာနတ်သီးမှာ Bromelain အင်ဇိုင်း (နာနတ်သီးစားရင် လျှာမှာ ရှတတဖြစ်နေ) ပါဝင်တာကြောင့် ဒီ အင်ဇိုင်းက နွားနို့နဲ့ မတည့်ပါဘူး။

အကယ်၍ ရောနှောပြီး စားသောက်မိရင် ခေါင်းကိုက်၊ အစာအိမ်နာ၊ ပျို့အန်၊ ဝမ်းလျှောစတာတွေ ဖြစ်တတ်ပြီး ကလေးတွေမှာဆိုရင် ပိုဆိုးတတ်ပါတယ်။

သံပုယိုသီးနဲ့ သင်္ဘောသီး

6

သံပုယိုသီးနဲ့ သင်္ဘောသီး ရောနှော စားသောက်တာများလာရင် သွေးနီဥ နည်းပါးတဲ့ ရောဂါမျိုး တွေဖြစ်လာတတ်ပါတယ်။ နေ့တိုင်းနီးပါးတော့ မသောက်သုံးသင့်ပါဘူး။

ငှက်ပျောသီးနဲ့ မာလကာသီး

7

ငှက်ပျောသီးနဲ့ မာလကာ သီးတို့ကိုတော့ တွဲစားလေ့ရှိမှာ မဟုတ်ပါဘူး။ တွဲစားရင်လည်း အစာအိမ်ထဲမှာ အက်ဆစ်ဓာတ်တွေ ထွက်တာများလို့ ပျို့အန်တာ ၊ ခေါင်းမူးတာတွေ ဖြစ်တတ်ပါတယ်။

နွားနို့နဲ့ လိမ္မော်သီး

8

တခါတလေ တချို့သူတွေက cereal ကို လိမ္မော်သီး ဖျော်ရည်နဲ့ ရောဖျော်ပြီး သောက်လေ့ရှိတာကို တွေ့ရပါတယ်။ ဒါက ကျန်းမာရေးအတွက် မကောင်းပါဘူး။ လိမ္မော်သီး ဖျော်ရည်က cereal ကနေ အစာအိမ်စုပ်ယူရမယ့် ဓာတ်တွေကို လျော့ကျစေပါတယ်။ ဒါ့အပြင် နွားနို့နဲ့ပါ ရောနေပါက အစာခြေနိုင်စွမ်းကိုလည်း လျော့ကျစေပါတယ်။