ဒီရာသီကတော့ လိမ္မော်သီးတွေ လှိုင်လှိုင်သီးနေတာမို့ စာဖတ်သူတို့လည်း လိမ္မော်သီး ဝယ်စားဖြစ်ကြမယ်ထင်ပါတယ်။ လိမ္မော်သီးမှာ ဗီတာမင် C ကြွယ်ဝ စွာပါဝင်သလို ဗီတာမင် A၊ B ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ အမျှင်ဓါတ်တွေနဲ့ တခြား အဟာရတွေ ကြွယ်ဝစွာပါဝင်ပါတယ်။

orange-peel-to-fight-dandruff

လိမ္မော်သီးမှာ အာနိသင်ရှိသလို လိမ္မော်ခွံကလည်း စာဖတ်သူတို့ရဲ့ အလှအပအတွက် တကယ်ကို အစွမ်းထက်တာမို့ အသီးကိုစားပြီးရင်လည်း အခွံကို မပစ်လိုက်ပါနဲ့နော်။

ကိုယ်အလေးချိန် လျှော့ချမယ်

shutterstock_116440276

လိမ္မော်ခွံက စာဖတ်သူတို့ကို ကိုယ်အလေးချိန် လျှော့ချရမှာ ကူညီပေးပါလိမ့်မယ်။ လိမ္မော်ခွံမှာပါဝင်တဲ့ ဗီတာမင် C နဲ့ Antioxidant တွေက အဆီတွေကို လောင်ကျွမ်းစေပါတယ်။

ကိုယ်အလေးချိန်လျှော့ချရာမှာ ကော်ဖီအစား လိမ္မောခွံဖျော်ရည်ကို သောက်သုံးပေးရမှာပါ။

  • လိမ္မော်ခွံကို အေးမြပြီး ခြောက်သွေ့တဲ့နေရာမှာ အခြောက်ထားပါ။
  • ခြောက်သွားတဲ့ လိမ္မော်ခွံ စားပွဲတင်ဇွန်း ၁ ဇွန်းလောက်ကို ခွက်ထဲထည့်ပြီး ရေနွေးပူထည့်ပါ။
  • အဲဒီနောက် အဖုံးဖုံးပြီး ၁၀ မိနစ်လောက် ထားထားပါ။
  • အဲဒီနောက် လိမ္မော်ခွံတွေကို ဆယ်ပြီး ပျားရည်အနည်းငယ်ထည့်ပါ။
  • အဲဒီဖျော်ရည်ကို တစ်ရက် ၂ ခွက်သောက်ပါ။

သတိပြုရမည့်အချက်။   ။ အော်ဂဲန်းနစ်နည်းစနစ်အတိုင်း စိုက်ပျိုးထားတဲ့ လိမ္မော်ခွံကို သုံးပါ။ အခြောက်မခံခင်မှာ ရေစင်စင်ဆေးပါ။

ဆားဝက်ခြံကို ဖယ်ရှားမယ်

orange_20peel_20powderplain-yogurt

လိမ္မောခွံဟာ အရေးပြားပေါ်က ဆဲလ်သေတွေနဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့ကြောင့်လည်း ဆားဝက်ခြံတွေကို ဖယ်ရှားရာမှာ အထောက်အကူဖြစ်စေမှာပါ။

  • လိမ္မော်ခွံကို အမှုန့်ကြိတ်ပြီး ဒိန်ချည်နဲ့ အချိုးကျရောစပ်ပါ။
  • အဲဒီနောက် မျက်နှာနဲ့ လည်ပင်းကိုလိမ်းပါ။
  • ၁၅ မိနစ်ကနေ မိနစ် ၂၀ ထိထားပါ။
  • အဲဒီနောက် လက်ကိုရေစွပ်ပြီး ခပ်ဖွဖွလေး သစ်ချပေးပါ။

ဒီနည်းလမ်းအတိုင်း ၃ ရက် ၄ ရက်လောက် ဆက်တိုက်လုပ်ပေးပါ။ အဲဒီနောက် တစ်ပတ်ကို တစ်ကြိမ်ထပ်လုပ်ပေးပါ။