ငါးကြင်း နဲ့ရေချိုပုစွန်ထုပ် ကိုရောပြီးချက်ရင် ပိုပြီးအရသာထူးတာ မို့ဒန့်သလွန်သီး ၊ ရုံးပတီသီး တို့နဲ့အားဖြည့်ထားတဲ့ ထူးခြားတဲ့ မြန်မာ့ဟင်းလျှာစစ်စစ်လေးပေါ့….မြန်မာ့ရိုးရာ ဟင်းခတ်အမွှေး အကြိုင်တွေကိုဘဲသုံးပြီးချက်ထားတာမို့ထမင်းဖြူလေးနဲ့တွဲဖက်ပြီးတည်ခင်းမယ်ဆိုရင် ပိုပြီးထမင်းမြိန်စေပါတယ်။ ထူးခြားတာက..ငါးကြင်းကို အရိုးထုတ်ရျွ်အသားလွှာပြီးချက်တာဆိုတော့ စားသုံးတဲ့အခါ အားရပါးရရှိပြီး..ဒန့်သလွန်သီးကိုနူးအောင်ချက်ရျွ် ရုံးပတီသီးကိုတော့စိမ်းစိမ်းလေးအုပ်ချက်ထားတာပါဘဲ…ကဲ..ရိုးရှင်းပြီးအရ သာထူးခြားတဲ့မြန်မာ့ရိုးရာဟင်းလျှာလေးကိုစချက်ကြရအောင်…ညှော်ကြမယ့်ဗျို ့…

ပါဝင်ပစ္စည်းများ

  • ငါးကြင်း
  • ပုစွန်ထုပ်
  • နနွင်းမှုန့်
  • ဆား
  • ငါးငံပြာရည်
  • ငရုတ်ကောင်းမှုန့်
  • နံနံပင်
  • ဒန့်ဒလွန်သီး
  • စပါးလင်
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ချင်း
  • ငရုတ်ပွခြောက်
  • ရုံးပတီသီး
  • ငရုတ်သီးစိမ်း
  • ပဲဆီ

ပြုလုပ်နည်း

  1. ငါးကြင်းကို အရိုးထုတ် အသားလွှာပြီး ဆား၊ နနွင်း၊ ငါးငံပြာရည်တို့နှင့် အရသာသွင်းပါ။
  2. ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ငရုတ်ပွခြောက်တို့ဖြင့် ဟင်းအနှစ်ထောင်းပါ။
  3. အိုးထဲသို့ ဆီအနည်းငယ်ထည့်၍ နနွင်းမှုန့်၊ စပါးလင်း၊ ဟင်းအနှစ်တို့ကို ဆီသတ်ပြီး ခရမ်းချဉ်သီထည့်ပါ။
  4. အနှစ်ကျက်လျှင် အရသာသွင်းထားသော ငါးကြင်းနှင့် ပုဇွန်ထုပ်ကို ထည့်ပါ။
  5. ဆီပြန်လျှင်ရေသန့်အနည်းငယ်ထည့်၍ ဒန့်ဒလွန်သီးထည့်ပါ။
  6. ငါးကြင်းနှင့် ပုဇွန်ထုပ်ကျက်လျှင် ရုံးပတ်တီသီ၊ နံနံပင်၊ ငရုတ်သီးစိမ်အုပ်၍ သုံးဆောင်နိုင်ပါသည်။