အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါတော့ ဟင်းချက်နည်းလဲမဟုတ်၊ ဟင်းချိုချက်နည်းလဲမဟုတ်ဘဲ အရံဟင်းလေးတစ်ခွက်ဖြစ်တဲ့ ငါးငရုပ်သီးချက်လေးတစ်ခုကို ဖော်ပြပေးချင်ပါတယ်။ ငရုပ်သီးစပ်စပ်လေးဆိုတော့ ထမင်းစားလို့ကောင်းမှာတော့ တကယ်အမှန်ပါပဲ။ အခုပဲ ချက်နည်းလေးကို ကြည့်လိုက်ပါအုံးနော်။

ပါဝင်ပစ္စည်းများ

  • ငါးရွှေ (သို့မဟုတ်) ငါးကြင်း – ၂၀ ကျပ်သား
  • ကြက်သွန်နီ ဥကြီး – ၁ ဥ (မထူမပါး လှီးထားပါ)
  • ခရမ်းချဉ်သီး – ၆ လုံး (ထူထူ လှီးထားပါ)
  • ငါးပိ – ကွမ်းသီးလုံး ၃လုံးခန့်
  • ငရုပ်သီးစိမ်းအတောင့် – ၂၀ ခန့် (ထောင်းထားပါ)
  • နံနံပင် – အနည်းငယ်
  • မန်ကျည်းသီး – အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

ငါးရွှေ (သို့မဟုတ်) ငါးကြင်းကို ရေဆေး သန့်စင်ပြီး အိုးထဲတွင်း ငါးကို ရေမြှပ်ရုံ ထည့်ရျ် ပြုတ်ပါ။ ငါးကျက်လျင် အအေားခံရျ် အသားနွှင်ထားပါ။ ငါးအသား နွှင်သည့်အခါ အတုံးလေးများဖြစ်အောင် နွှင်ပါ။ ငါးအသားကို ကြေအောင် မဖြစ်ညှစ်ရပါ။

ငါးပြုပ်ရည်အိုးထဲတွင် ကြက်သွန်နီ ၊ ခရမ်းချဉ်သီး နှင့် ငါးပိ ကွမ်းသီးလုံး ၃လုံးခန့်ကို ထည့်ပြီး တည်ပါ။နံနံပင်နဲ့ မန်ကျည်းသီးလေး စိမ်ထားပါ။ ငါးပိစိမ်းနံ့ ပျောက်ရျ် ကြက်သွန်နီ နှင့် ခရမ်းချဉ်သီး ပျော့လာလျင် နွှင်ထားသည့် ငါးကို ထည့်ပါ။

ပြီးလျင် မန်ကျည်းမှည့်အရည် ထည့်ပါ။ နောက်ထပ် ၁၀မိနစ်ခန့် ထပ်တည်ပြီးလျင် အရသာ အပေါ့အငံ မြည်း၍ နံနံပင် အုပ်ပါ။ ငါးအသားလေး မကျေဘဲ အတုံးလေးနဲ့ အရသာရှိတဲ့ ငါးငရုပ်သီးချက်လေး ရပါပီ။

တို့စရာ စုံစုံလင်လင်နှင့် တွဲ၍စားလျင် အင်မတန် ထမင်းမြိန်မည့် ဆီမပါသည့် ရခိုင် ငါးငရုပ်သီးချက်ဖြစ်၍ အလွန်ပင် ထမင်းမြိန်စေပါတယ်။

MyFood Myanmar