ငပိ - Ngapi | ငပိထောင်း | အသီး - Fruits

စပျစ်သီး ငပိထောင်း ချဉ်ချဉ်စပ်

August 27, 2016

စပျစ်သီး ငပိထောင်း ချဉ်ချဉ်စပ်

Share this on:

New Jersey ဘုန်းကြီးကျောင်းက ခူးလာတဲ့ စပျစ်သီးစိမ်းလေးရယ် ၊ ရန်ကုန်က ပါလာတဲ့ ငါးပိထောင်းနဲ့ ရောပြီး စပျစ်သီး ငပိထောင်း ချဉ်ချဉ်စပ်စပ်လေး တစ်ခွက် ထောင်းလိုက်ပါတယ် ။

Screen Shot 2016-08-27 at 2.57.42 pm

ပါဝင်ပစ္စည်းများ

  • စပျစ်သီး
  • ပုဇွန်ခြောက်မှူန့် - အနည်းငယ်
  • ယိုးဒယား မျှင်ငပိ - ကွမ်းသီး ၄ လုံးခန့်
  • ကြက်သွန်ဖြူ - ၂ ဥ
  • ငရုတ်သီးစိမ်း - ၃၀ တောင့်

ပြုလုပ်နည်း

  1. ဒယ်အိုးတစ်ခုထဲတွင် ယိုးဒယားငပိ မျှင်ငပိ ၊  ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း အားလုံးကို ရောကင်လိုက်ပါ ။ ပြီးလျင် Blender (ကြိတ်စက်) ထဲတွင် ထည့်ကြိတ်ပါ ။
  2. ပြီးလျင် ဆုံထဲတွင် ပုဇွန်ခြောက်မှူန့် ၊ စပျစ်သီး နှင့် စက်ထဲတွင် ကြိတ်ထားသော ငပိ ၊ ငရုတ် ၊ ကြက်သွန်ဖြူ ၊ ငါးပိထောင်း တို့နှင့် ပြန်ရောထောင်းပါ ။
  3. အရသာ အပေါ့အငံ မြည်းရ်ျ သုံးဆောင်နိုင်ပါပြီ ။
Credit: ကလျာချောစု

Review

User Rating

4 (4 Votes)