မင်္ဂလာပါ။ ငပိချက်ဆိုရင် မကြိုက်ဘူးဆိုတဲ့သူက ရှားလွန်းပါတယ်နော်။ ဒီတစ်ခါမှာတော့ သရက်သီးတွေရှားသွားလို့ ငပိချက်ကို ဘာနဲ့ချက်စားရမလဲ စဉ်းစားနေသူတွေအတွက် ချဉ်စော်ကားသီးလေးနဲ့ ချက်စားနိုင်မယ့် နည်းလမ်းလေးကို ပြန်လည်ဝေမ ျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ချဉ်စော်ကားသီး
  • ပုဇွန်ခြောက်
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ငရုပ်သီးထောင်း
  • ငရုပ်သီးခွဲခြမ်းမှုန့်
  • ဆီ
  • ငံပြာရည်
  • ဟင်းချိုမှုန့်

ပြင်ဆင်ပြုလုပ်နည်း

  1. ချဉ်စော်ကားသီးလေးများကို ရေဆေး ၊ အစေ့ထုတ်ပြီး အစိတ်လေးတွေ လုပ်ထားပါ ။ ပုဇွန်ခြောက် ထောင်းထာပါ ။
  2. ကြက်သွန်ဖြူ ၊ ကြက်သွန်နီ နှင့် ငရုပ်သီးတို့ကို ထောင်းထားပါ ။ ငရုပ်သီးခွဲခြမ်းမှုန့်ကိုလည်း အဆင်သင့်ထားပါ ။
  3. ဆီအိုးတည် ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ငရုပ်သီးထောင်းတို့ကို ဆီသတ်ပါ ။ မွေးလာလျှင် ငရုပ်သီးခွဲခြမ်းမှုန့် ထည့်ပါ ။ ခနနေရင် ပုဇွန်ခြောက်ထောင်းထားတာ ထည့်ပါ ။ ပြီးရင် ချဉ်စော်ကားသီးစိတ်လေးတွေ ထည့်ပြီး ငံပြာရည် ၊ ဟင်းချိုမှုန့် တွေထည့်၍ မွှေးပေးပါ ။ မိနစ်အနည်းငယ် ကြာ၍ အရသာများ ချဉ်စော်ကားသီးထဲ ဝင်ပါက အပေါ့အငံမြည်းပြီး ကြက်သွန်ဖြူနဲ့ ငရုပ်သီးစိမ်းလေး အုပ်၍ ချဉ်ငန် စပ် လေးနဲ့ စားမြိန်ဖွယ်ရာ ဟင်းတခွက် ရပါပြီ ။

သရက်သီး ၊ မရမ်းသီးစိမ်းတို့ကိုလည်း ထိုနည်းအတိုင်း ချက်နိုင်ပါတယ် ။ ထမင်းမိန်တဲ့ အရံဟင်းလေးတခွက်ပါ ။

Credit: မနီ(နော်ဝေး)