သရက်သီး ငါးပိထောင်း

Share this on:

ခုလို သရက်သီး ပေါတဲ့ အချိန်အခါမှာ သရက်သီး ငါးပိထောင်းကို ဒီလိုလုပ်စား ဖြစ်ပါတယ် ။  ထမင်း ပူပူလေး နဲ့ စားရင် အရမ်းကို ထမင်းမြိန်တဲ့ ဟင်းတခွက်ပေါ့ ။

ပါဝင်ပစ္စည်းများ

  • သရက်သီးစိမ်း
  • မျှင်ငပိဖုတ်
  • ပုဇွန်ခြောက်
  • ငရုတ်သီး
  • ကြက်သွန်ဖြူ

ပြုလုပ်နည်း

  1. အရင်ဆုံး ကြက်သွန်ဖြူ ၊ ပုဇွန်ခြောက် ၊ ငရုတ်သီး တို့ကို ရောထောင်းပါ ။
  2. ပြီးလျှင် မျှင်ငပိဖုတ် ၊ သရက်သီး ၊ အရသာ အပေါ့ အငံ တို့ကို ထည့်၍ ထောင်းပါ ။
  3. အရသာ ချဉ်ချဉ်စပ်စပ် လေးနဲ့ ထမင်းမြိန်တဲ့ သရက်သီး ငါးပိထောင်းလေး ရပါပြီ ။
Credit: N&S Food House

Review

User Rating

3.4 (5 Votes)