ခန္ဓာကိုယ်အတွက် ရေဟာ အရမ်းအရေးကြီးတာကြောင့် အမြဲသောက်နေဖို့ လိုအပ်ပါတယ်။ တခါတလေ ရေသောက်ပျင်းတဲ့ သူတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့် ရေသောက်ချင်တဲ့ စိတ်ကို နိုးဆွပေးနိုင်ဖို့နဲ့ ရေကို အရသာကောင်းအောင် အသီးအနှံတွေနဲ့ ရောပြီး သောက်သုံးလို့လည်းရပါတယ်။

1845605-shutterstock_290820302-650-6b7144d749-1484649846

သခွားသီး နဲ့ ပူစီနံ ရွက်

သခွားသီး တစ်ဝက်လောက်ကို အကွင်းလိုက် ပါးပါးလှီးလိုက်ပါ။ သံပုရာသီးကို ပါးပါးလှီးပြီး ပူစီနံရွက်အနည်းငယ်ထည့်ပါ။ ရေထည့်ကာ သောက်သုံးနိုင်ပါတယ်။

ရေကို အသီးအနှံတွေနဲ့ ရောပြီး ဘယ်လို သောက်လို့ကောင်းအောင် လုပ်မလဲ

အသီးအနှံ ရေခဲတုံး

ကိုယ်နှစ်သက်ရာ အသီးအနှံတွေ ဥပမာ စတော်ဘယ်ရီ၊ စပျစ်သီး၊ လိမ္မော်သီးတို့ကို လှီးပြီး ရေခဲခဲတဲ့ ပုံစံခွက်လေးထဲကို ရေနဲ့အတူထည့်ကာ ခဲထားလို့ရပါတယ်။ ကိုယ်ရေ သောက်ချင်တဲ့အချိန်မှာ အဲ့ဒီ အသီးအနှံနဲ့ ခဲထားတဲ့ ရေခဲလေးတွေကို ကိုယ့်ရေခွက်ထဲထည့်ပြီး အရသာ ရှိရှိ သောက်သုံးလို့ရပါတယ်။

ရေကို အသီးအနှံတွေနဲ့ ရောပြီး ဘယ်လို သောက်လို့ကောင်းအောင် လုပ်မလဲ

သံပုယိုသီးနဲ့ စတော်ဘယ်ရီ

သံပုယိုသီးကို ပါးပါးလှီးထားပါ။ စတော်ဘယ်ရီ ကို အတုံးလိုက်လှီးထားပါ။ သံပုယိုသီးနဲ့ စတော်ဘယ်ရီ အရည်လေးတွေကို ဖန်ခွက်တစ်ခွက်ထဲ ညစ်ထည့်လိုက်ပါ။ သံပုယိုသီးနဲ့ စတော်ဘယ်ရီကို ခွက်ထဲထည့်ပြီး ရေ ထည့်လိုက်ကာ သောက်သုံးနိုင်ပါတယ်။

ရေကို အသီးအနှံတွေနဲ့ ရောပြီး ဘယ်လို သောက်လို့ကောင်းအောင် လုပ်မလဲ

လိမ္မော်သီး၊ သံပုရာသီးနဲ့ သံပုယိုသီး

အဲ့ဒီ အသီးတွေ အားလုံးကို ပါးပါးလှီးလိုက်ပြီး ရေခရားတစ်ခုထဲကို ထည့်ပါ။ အသီးတွေ အရည်ထွက်အောင် ညစ်လိုက်ပါ။ ပူစီနံရွက်ထည့်ပါ။ ပြီးရင် ရေထည့်ကာ သောက်သုံးနိုင်ပါတယ်။

ရေကို အသီးအနှံတွေနဲ့ ရောပြီး ဘယ်လို သောက်လို့ကောင်းအောင် လုပ်မလဲ

ပူစီနံ ရွက်နဲ့ နာနတ်သီး

နာနတ်သီး အနည်းငယ်ကို အတုံးသေးသေးလေးတွေ ပိုင်းလိုက်ပါ။ နာနတ်သီး အရည်တွေ ညှစ်လိုက်ပြီး ခွက်တစ်ခွက်ထဲထည့်ထားပါ။ အရည်ညှစ်ထားတဲ့ နာနတ်သီးပါထည့်ပါ။ ပူစီနံရွက်ထည့်ပါ။ ရေထည့်ပြီး သောက်သုံးနိုင်ပါပြီ။

ရေကို အသီးအနှံတွေနဲ့ ရောပြီး ဘယ်လို သောက်လို့ကောင်းအောင် လုပ်မလဲ

Raspberry သီး နဲ့ သံပုရာသီး

သံပုရာသီးကို ပါးပါးလေး အကွင်းလိုက်လှီးလိုက်ပါ။ ရေခွက်တစ်ခွက်ထဲကို Raspberry သီးကို တစ်ဝက်လောက်ထည့်ပြီး သံပုရာသီးကာ ညှစ်ပြီး ရေထည့်ကာ သောက်သုံးနိုင်ပါတယ်။

ရေကို အသီးအနှံတွေနဲ့ ရောပြီး ဘယ်လို သောက်လို့ကောင်းအောင် လုပ်မလဲ

သံပုရာသီး၊ ဂျင်း နဲ့ နာနတ်သီး

သံပုရာသီး တစ်ဝက်ကို ပါးပါးလှီးပြီး နာနတ်သီးကိုလည်း အတုံးအသေးလေးတွေ တုံးကာ ရေခွက်တစ်ခွက်ရဲ့ တစ်ဝက်လောက်အထိ ထည့်ပါ။ ဂျင်း လက်တစ်ဆစ်လောက်ကို ရေဆေးပြီး ခွက်ထဲထည့်ပါ။ ပြီးရင် ရေထည့်ကာ သောက်သုံးနိုင်ပါတယ်။

Featured Image Source: Foodal