အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခေါက်မှာတော့ ထမင်းစားတဲ့အခါ အရံဟင်းလျာအနေနဲ့ တွဲဖက်စားသုံးနိုင်တဲ့ သခွားသီး အာလူးသုပ်ဟင်းလျာပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး ၄ ပေါင်ခန့်
  • နံနံပင် အနည်းငယ်
  • ကြက်သွန်ဖြူ ၂ မွှာ
  • သံပုယိုသီး ၁ လုံး
  • ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း

  • သခွားသီး ၄ လုံး
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

အာလူးကို အခွံခွာပြီး အတုံးခပ်သေးသေးများဖြစ်အောင် တုံးထားလိုက်ပါ။ ထို့နောက် အိုးအကြီးတစ်လုံးထဲထည့်ပြီး ဆားအနည်းငယ်ထည့်ကာ ၂၅ မိနစ်ခန့် ပြုတ်ထားလိုက်ပါ။

ဒုတိယအဆင့်အနေနဲ့ သခွားသီးကို ရေဆေးပြီး အနေတော် အတုံးဖြစ်အောင် တုံးထားလိုက်ပါ။ နံနံပင်အရွက်များကိုလည်း နုတ်နုတ်စင်းပြီး ညှပ်ထားလိုက်ပါ။

ပြုတ်ထားသော အာလူးများကို ၂၅ မိနစ်ပြည့်ပါက အရည်စစ်ထားလိုက်ပါ။ ထို့နောက် ဆား၊ ငရုတ်ကောင်း၊ ငရုတ်သီးမှုန့်နဲ့ ပျားရည်တို့ထည့်ပြီး အာလူးတုံးများကို ချေပေးလိုက်ပါ။

သခွားသီးနဲ့ နံနံပင်အရွက်တို့ထပ်ထည့်ပြီး ထပ်မွှေပေးလိုက်ပါ။ နောက်ဆုံးအဆင့်အနေနဲ့ သံပုယိုသီးညှစ်ထည့်ပြီး အပေါ့အငန်မြည်းကာ လိုအပ်ပါက ဆားအနည်းငယ်ထပ်ထည့်ပေးနိုင်ပါတယ်။

ဒါဆိုရင်တော့ အရသာရှိတဲ့ သခွားသီး အာလူးသုပ်ကို ထမင်းနဲ့ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Kitchenbowl.com