တာပိန်မြစ်နဲ့ ဧရာဝတီမြစ်ကမ်းဘေးက ဗန်းမော်ဆိုတဲ့ မြို့ကလေးဟာ ငါးပေါတဲ့ အရပ်ဒေသ ဖြစ်တာကြောင့် ငါးနဲ့ချက်ထားတဲ့ ခေါက်ဆွဲဟာ အရသာ ထူးခြားပြီး စားသူတွေကို စိတ်ကျေနပ်မှု ရရှိစေတဲ့ ဒေသ အစားအစာ တစ်မျိုးပါ ။ ဗန်းမော်မြို့ ကို မရောက်ဖြစ်လို့ ကိုယ်တိုင် သွားမစားနိုင်ရင်တော့ မိမိ အိမ်မှာပဲ ချက်စားနိုင်ဖို့ ချက်နည်းကို ဖော်ပြပေးလိုက်ပါတယ် ။ ကြက်သား ၊ ဝက်သား မစားသူများအတွက်လည်း ငါးနဲ့ ချက်ထားတဲ့ ခေါက်ဆွဲက အဆင်ပြေစေမှာ ဖြစ်ပါတယ်နော်။ ဗန်းမော်ရောက်တိုင်း တကူးတက သွားစားဖြစ်တဲ့ မျှစ်ချဉ်ခေါက်ဆွဲကို တနင်္ဂနွေနေ့က အိမ်မှာ ချက်စားဖြစ်ပါတယ် ။ အဲဒီ ခေါက်ဆွဲ ချက်နည်းကို ဟိုးအရင်ကတည်းက တင်ခဲ့ဖူးပေမဲ့ မဖတ်ရသေးသူများ အတွက် ချက်နည်းကို ပြန်တင် ပေးလိုက်ပါတယ်နော် ။