ညနေခင်းအစာပြေ မယ်ဥုံလက်ရာ ဘဲပေါင်းကော်ရည်ခေါက်ဆွဲ အားပေးပါအုန်းနော်။

ပါဝင်ပစ္စည်းများ

  • ဘဲသား – ၅၀သား
  • ကြက်သွန်ဖြူ
  • ဂျင်း
  • ကြာညို့
  • ခေါက်ဆွဲ – ၅၀သား
  • ပဲတီပင်ပေါက် – ၂၅သား
  • ကြက်သွန်မိတ် – ပါးပါးလှီး
  • ကြက်သွန်ဖြူကြော် – အနည်းငယ် (မညက်တညက်ထုထားပါ)
  • ရှီတာကဲမှိုခြောက်
  • ပဲလိပ် – ၅ကျပ်သား
  • ဘဲဥ – ၃လုံး
  • တုံတုံ ငပိထောင်း
  • သံပုရာသီး
  • မွှေးကော်မှုန့်

ပြင်ဆင်ပြုလုပ်နည်း

  1. ဘဲသားပြုတ်အိုးထဲကို ရေထပ်ထည့်ပြီး ကြက်သွန်ဖြူ ၊ ကြက်သွန်နီနုတ်နုတ်စင်းပြီး ထည့်ပါ ။
  2. သကြား ၊ ကြက်သားမှုန့် ၊ ဆား ၊ ကြာညို့ ၊ ခရုဆီ ၊ ငြုတ်ကောင်းမှုန့် ၊ မှို ၊ ပဲလိပ် ၊ ဘဲသားတို့ထည့်ပြီး ဆူအောင်တည်ပါ ။
  3. ဆူလာရင် ဘဲဥအနှစ် လုံးထည့် ၊ အကာရည်ကို ခလောက်ပြီး ဖြန်းထည့်ပါ ။ မလိုင်ဖတ်တွေလို တက်လာလိမ့်မယ် ။ ကော်ရည်ဖျော်တာ ထည့်ပါ ။ ပျစ်ပျစ်သောက်ချင်ရင် များများထည့်ပါ ။
  4. အရသာ ပေါ့ငန်မြည်းပြီး ဘွမ်းဘွမ်းဆူရင် ဘဲပေါင်းကော်ရည် အရည် ရပါပြီ ။

ပွဲပြင်ရင်… စားမည့်ပုဂံလုံးထဲကို ခေါက်ဆွဲထည့် အပေါ်က ဘဲပေါင်းကော်ရည်ပူပူလောင်း ကြက်သွန်ဖြူကြော် ကြက်သွန်မိတ် ဖြူးပြီး ငပိထောင်း ၊ သံပုရာရည်ညှစ်ပြီး ပူပူလောလော ရှုးရှဲရှုးရှဲနဲ့ စားလို့အလွန်ကောင်းပါတယ်။ ကဇွန်းရွက်ကြိုက်ရင် စိမ်းစိမ်းလေးပြုတ်ပြီး ထည့်စားပါ ။ ငပိထောင်းက ကိုယ့်ဘာသာထောင်းတာဆို ပိုကောင်းပါတယ် ။ အဓိက ကော်ရည်က ပူနေရပါမယ်

Credit: Ohnmar Kyi