ပါဝင်ပစ္စည်းများ

  • နန်းကြီး – ၁ပိသာ
  • ကြက်သွန် – ၅လုံး
  • ပဲမှူန့် – ၅ကျပ်သား
  • အုန်းနို့ – ၁ဗူး (Ready Made)
  • နံနံပင် – အနည်းငယ်

Source: Michelin Guide

  • သံပုရာသီး – ၃လုံးခန့်
  • ဆီ – ၁၀ သား
  • ဆား၊ ဘဲဥ
  • မုန့်ကြွပ်ကြော်၊ မန်ကျည်းရည်
  • ငရုပ်သီးမှူန့်၊ ငံပြာရည်၊ နံနံပင်

ပြုလုပ်နည်း

ကြက်သားကို ဆားဖြင့် ရောနယ်ကာ ရေဆူအောင် တည်ပြီး ပြုတ်ပါ။ ပြုပ်ပြီးပါက အသားနွှင် ထားပြီး ကြက်သွန်နီ ပါးပါးလှီးပြီး အစိမ်းမှူန့် အနည်ငယ်ဖြင့် ဒယ်အိုးထဲ ဆီထည့် အပူပေးပြီး ဆီသတ်ပါ။

ပြီးလျှင် ကြက်သား ထည့်ပါ။ ဆား၊ ဟင်းခတ်မှူန့်၊ နနွင်း တို့ကို ထည့်ပြီး အုန်းနိုးဗူး ဖောက်ထည့်ပြီး ဆူအောင်တည်ပါ။ သကြး အနည်းငယ် ထည့်ပြီး မီးပိတ် အအေးခံပါ။
ဘဲဥပြုတ်ပြီး လှီးထားပါ။ မုန့်ကျွပ်ကြော် ထားပါ။ ပဲမှူန့်ကို မွှေးနေအောင် လှော်ထားပါ။ ကြက်သွန်နီ ပါးပါးလှီးထားပါ။

ငါးဖယ်ကြော် ထားပြီး နန်းကြီးဖတ်ရယ်၊ ကြက်သား အနှစ်ရယ်၊ မန်ကျည်းရည်၊ ပဲမှူန့် ၊ ငရုပ်သီးမှူန့်၊ ငံပြာရည်၊ နံနံပင် တို့ဖြင့် ရောသုပ်ကာ သုံးဆောင်နိုင်ပါပြီ။
အုန်းနို့စိမ်း၊ နို့စိမ်းကို အစားထိုးပြီး အသုံးပြုနိုင် ပါတယ်။

Credit: War War Khin Hlaing & Thida Lay Lay