ပါဝင်ပစ္စည်းများ

  • ငါးကြင်းဖြူ ၁၅ကျပ်သား
  • ပဲနီလေး ၁၅ကျပ်သား
  • ဌက်ပျောအူနုနု
  • ဆနွင်း
  • စပလင် တပင်
  • ငံပြာရည်
  • ဂျင်း

ပြုလုပ်နည်း

  1. ဌက်ပျောအူ နုနုကို ဆနွင်း ၊ စပလင် တပင် ထုထည့်ပြီး ပြုတ်ပါ။ ငါးကြင်းဖြူ ၁၅ကျပ်သားကို ဆနွင်း၊ ငံပြာရည် ၊ ဂျင်း၊ စပလင် တို့ကို ထည့်ပြီး ပြုတ်ပါ ။
  2. ပဲနီလေး ၁၅ ကျပ်သားကို ရေဆေးပြီး ပြုတ်ထားပေးပါ။ ငါးကို ကြက်သွန်ဖြူ ၊ ဂျင်း ၊ စပလင်တို့နဲ့ မွှေးနေအောင် ဆီသတ်ပြီး ငါးမှုန့်မွှေ လုပ်ထား လိုက်ပါ ။
  3. ဌက်ပျောအူ ပြုတ်ထဲကို ပဲကြိတ်ထားတာရယ်၊ ငါးမှုန့်မွှေ ၊ ရေဖျောထားတဲ့ ဆန်လှော်မှုန့် တစ်ထုတ်ဝက်ကို အားလုံးရောပြီး ချက်လိုက်ပါ။
  4. ကြက်သွန်နီဥ အသေးများကို ထည့်လိုက်ပါ။ ကြက်သွန်ဖြူ ၊ စပလင် ၊ ဂျင်းတို့ကို ကြိတ်ပြီး နောက်ဆုံး ပွက်ပွက်ဆူမှ ထည့်လိုက်ပါ။
  5. အပေါ့အငံမြည်းရ်ျ သုံးဆောင်နိုင်ပါပြီ။

Credit: Muya Family Cooking