အသည်းအဆီဖုံးခြင်းသည် ဆယ်စုနှစ်အတွင်း အဖြစ်များသော ရောဂါဖြစ်ပါတယ်။ ယခင်အသည်းရောဂါမှာ အသားဝါ ရိုးရိုးသာဖြစ်ပြီး (ပထမ)မျက်စိဝါ၊ နောက်ဆုံး ဆီးဝါပြီး တိုင်းရင်းဆေးအမှတ်(၁) မက်လင်ချဉ်ဆေး ( ရှေး ဆေးကျမ်းများမှ သေမှပုတိက သလိပ်ပုပ်နိုင်ဆေးနည်းကို ယူထားသောဆေး) ဖြစ်ပြီး အဓိကမှာ ( မက်လင်သီး၊ မက်လင်ခေါက်) တို့ဖြစ်ဧ။် ။ မက်လင်သီးသည် အလွန်ချဉ် ပြီး ဟင်းချက်ရာတွင် ထည့်သွင်းအသုံးပြုကြသည့် တော ဓလေ့သုံး အသီးဖြစ်ဧ။် ။ မက်လင်သီး၊ မက်လင်ခေါက်တို့သည် အသည်းအတွက်အလွန်ကောင်းပြီး အသည်း ရောင်ခြင်း ၊ သားဝါခြင်း၊ ဆီးဝါခြင်း ဆို့ကိုအလျှင်အမြန် ကောင်းစေကြောင်း သိရပါဧ။် ။ (၁၉၉၅) နောက်ပိုင်းမှသာ ပိုးကြောင့်ဖြစ်သော အသည်းရောဂါ ၊ အသည်းခြောက်ရောဂါ၊ အသည်းအဆီဖုံး ရောဂါများ အဖြစ်များလာပြီး သေဆုံးသူများပြားလာဧ။် ။

အောက်ဖော်ပြပါ ဆေးဖက်ဝင်အပင်များသည်

  • (၁) တစ်နေ့တစ်ခြား ဝဖြိုးလာသူ ၊
  • (၂) အရက်၊ ဘီယာ သောက်သုံးလွန်းသူ ၊
  • (၃) ခန္ဓာကိုယ်တွင်း အဆီဓာတ်များသူ ၊

အဝလွန်ခြင်းကို တိုက်ဖျက်နိုင်တဲ့ အစားအစာများ

  • (၄) အထိုင်များသူ ၊
  • (၅) လမ်းလျောက်နည်းသူ၊
  • (၆) ဇိမ်ယစ်လွန်းသောသူများအတွက် အသည်းအဆီဖုံး
    ရောဂါ၊ အသည်းခြောက်ရောဂါများ မဖြစ်စေရန် ကာကွယ်ပေးနိုင်သော သဘာဝအပင်များ ဖြစ်ပါ၍ လိုအပ်ပါက တစ်မျိုးမျိုးကို အသုံးပြုကြည့်နိုင်ပါသည်။

( ဟင်းဂလာပင် )

ထိုအပင်အား ထမင်းလက်တစ်ဆုပ်ခန့်ဖြင့် မြေစဉ့်အိုး တွင် (၃) ရက်ခန့်အချဉ်တည်ပြီး ဟင်းဂလာချဉ်ဖတ်အဖြစ် ငါးဖြင့်ချက်စားခြင်း၊ ငါးပိရည်ဖြင့် တွဲဖက်၍ စားသုံးပါက အရက်နာကျခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းအဆီဖုံးခြင်းများ မဖြစ်စေပါ။ ယင်း ဟင်းဂလာပင်ကို ပြုတ်သောက်ပါက ဆီးအတွက် အလွန်ကောင်းဧ။် ။ ကျွဲ၊ နွားများ ဆီးချုပ်သောအခါ ထိုအပင်ကို ခုတ်စဉ်း၍ နွားစာတွင် ရောကျွေးရဧ။် ။

(ဆောင်းပါးရှင်ဧ။် အဖိုးတစ်ဝမ်း ကွဲတော်သူသည် ညနေခင်းတိုင်း ချက်အရက်ဟုခေါ်သော အရက်ဖြူကို ပုံမှန်သောက်ပြီး ဟင်းဂလာချဉ်ကို အမြည်းအဖြစ် နေ့စဉ်စားသုံးခဲ့ရာ အသက်(၉၉) နှစ်ကျော် (၁၀၀) အတွင်းရောက်မှ ကွယ်လွန်သည်ဟု သိရပါဧ။်။ တောဓလေ့တွင် ချက်အရက် သောက်ပြီး အရက်နာမကျစေရန် ဟင်းဂလာချဉ်ဖတ်ကို ပဲကြီးလှော်နှင့် စားသုံးလေ့ရှိကြောင်း သိရပါဧ။် ။)

( ဆေးမြင်းခွာရွက် )

အရွက်သေးဧ။် ။ အရွက်နှင့် အရိုးတွင် အမွှေးနုလေး များပါပြီး ရိုးတံ အနီရောင်နှင့် အဖြူရောင် နှစ်မျိုးရှိပြီး ဆေးဖက်ဝင်ဧ။် ။ ထိုအပင်ကို နွယ်လိုက် နှုတ်ယူ၊ နေရိပ် တွင်လှန်း ၊ အပင်ခြောက်သွေ့သွားပါက သံဘူး( သို့ ) ဖန်ပုလင်းတွင်ထည့် ။ နေ့စဉ် မတ်ခွက်တစ်ခွက်စာ လက်ဖက် ခြောက်ခပ်သလို ခပ်သောက်ပေးပါက အသည်း အဆီဖုံးခြင်းကို ကျဆင်းစေနိုင်ပြီး ဆီးကောင်း၊ ဆီးရွှင်စေ ကာ မျက်စိအားကောင်းစေဧ။် ။

( ဆီးဖြူသီး )

မြန်မာဆေးကျမ်းများစွာ၌ပါဝင်ပြီး အနောက်တိုင်းအာ ဟာရသုတေသီများက ဗီတာမင်စီ အလွန်ကြွယ်ဝသော အသီးဖြစ်သည်ဟု အသိအမှတ် ပြုထားကြဧ။် ။ ၎င်းကို အစိမ်းအတိုင်းစားလျှင် သွေးချုပ်၊ လေချုပ်စေဧ။် ။ အမျိုး သမီးများ ရာသီအချိန်အခါတွင် မစားသင့်ပါ။ အသည်း အဆီဖုံး သူအတွက် ဆီးဖြူသီးဆားရည်စိမ် တစ်နေ့တစ်လုံး မျှစားပေးပါ။ ထိုအသီးကို အခြောက်လှန်းပြီး၊ ငါးဟင်း၊ ဝက်သားဟင်းတို့နှင့် ရောချက်စား လျှင် ဟင်းနူးစေပြီး အဆီဓာတ်ကို လျှော့နည်းစေပါသည်။

( ရှောက်ရွက် )

Kaffir Lime Leaves

ရှောက်ရွက်ကို ပါးပါးညှပ်၊ အသုပ်တွင်ရောထည့်စား ခြင်း၊ ဟင်းချိုပြုလုပ်သောက်ခြင်း၊ အတို့အမြှုပ်အဖြစ် စားသုံးပါ ။ ရှောက်ရည်၊ ရှောက်ရွက် တို့သည် အသည်း အတွက် အလွန်ကောင်းသော ဓာတ်စာဖြစ်ပြီး အချဉ်ဟင်းများ၌ ရှောက်ရည်ထည့်ချက်ခြင်း၊ အကင်များ၌ ရှောက်ရည်ညှစ် စားခြင်းသည် အသည်းအဆီဖုံးခြင်း အတွက် ကာကွယ်ပါဧ။် ။

( ရဲယိုရွက် )

ရဲယိုရွက်သည် နှုတ်ကိုမြိန်စေပြီး လေပူကိုနိုင်သော သတ္တိရှိဧ။် ။အသည်းတွင် အပူအောင်းခြင်း၊ အသည်းခြောက်ခြင်းရောဂါအတွ က် ရဲယိုရွက်ကို တစ်ပတ်လျှင် (၂) ကြိမ်ခန့် စားသုံးပေးလျှင် ကာကွယ်ရာ ရောက်ဧ။်။ ထို့အပြင် ငါးခူ၊ ငါးဖယ် ၊ ငါးကြင်း ခြစ်များ နှင့် ရောချက်စားခြင်း ဖက်ထုပ်ပြု လုပ်ကြော်စားခြင်း၊ ရေနွေးငွေ့ဖြင့် လည်း ပေါင်းစားပေးနိုင်ပါသည်။

သို့ပါ၍ ( အဖိုးနည်း၊ဝန်ပါ ) ရိုးရာ ဆေးဖက်ဝင်အပင်၊ အသီး၊ အရွက်များကို စားသုံးရင်း ရောဂါမဖြစ်ခင် ကြိုတင် ကာကွယ် နိုင်ပါသည်။

Credit: သုတရမျှဝေမယ်
{ ညွှန်း} ဆရာ ကြည်လွင်မြင့်( မုဒြာ) ဧ။် ဆောင်းပါးမှ
ကောက်နှုတ်ဖော်ပြပါသည်။