ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

အုန်းဆီနဲ့ကုလို့ရတဲ့ ရောဂါများ

August 6, 2016

အုန်းဆီနဲ့ကုလို့ရတဲ့ ရောဂါများ

Share this on:

သဘာဝအုန်းဆီကို ဆံပင်လိမ်းယုံတင်မဟုတ်ပါဘူး။ အခြားရောဂါတွေကိုလည်း ကုလို့ရပါတယ်။ အုန်းဆီနဲ့ ကုသလို့ရတဲ့
ရောဂါ(၅)မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

(၁) နှင်းခူ

နှင်းခူဟာ ကလေးတွေမှာ အဖြစ်များပါတယ်။ ဒါပေမယ့် ဂရုမစိုက်ဘူးဆိုရင် လူကြီးတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဖြစ်
ရင်လည်း အုန်းဆီကို အသားထဲစိမ့်ဝင်အောင် လိမ်းပေးရုံနဲ့တင် သက်သာစေပါတယ်။ တစ်ပတ်လောက် ကြာရင် အရှင်း
ပျောက်သွားမှာပါ။

(၂) ညိုမဲခြင်း

2

အသာရေဟာ သွေးသားပြောင်းလဲမှုကြောင့် ဖြူရာကနေ ညိုသွားတာမျိုး၊ ရာသီဥတုကြောင့် ညိုသွားတာမျိုးတွေ ဖြစ်
တတ်ပါတယ်။ ဒီအတွက်လည်း အုန်းဆီကို ရေခဲသေတ္တာထဲမှာ အနည်းငယ် အအေးခံပြီး ခပ်ပြစ်ပြစ်ကလေး လိမ်းပေး
ရင် သက်သာပျောက်ကင်းလိမ့်မယ်။

(၃) ခြောက်သွေ့ခြင်း

ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် အသားရည် ခြောက်သွေ့တယ်ဆိုရင် အုန်းဆီကိုသာ လိမ်းပေးပါ။ အသားရေအက်ကွဲ
ခြင်း၊ ပက်ခြင်းတို့အတွက်လည်း အဆင်ပြေပါတယ်။

(၄) နေလောင်ခံလိမ်းဆေး

3

အုန်းဆီကို စောစောကလို ရေခဲ့သေတ္တာထဲမှာ ခပ်ပြစ်ပြစ်ကလေးဖြစ်အောင် အအေးခံလိုက်ပါ။ ကမ်းခြေမှာ နေဆာလှုံ
မယ်ဆိုရင် အဲဒီ အုန်းဆီကို ခပ်ပြစ်ပြစ်ကလေး လိမ်းပေးရင် ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့ခြင်းကနေ ကင်းဝေးစေပါ
တယ်။

(၅) အကြောတင်၊ အကြောတက်ဖြစ်လျှင်

အထူးသဖြင့် အားကစားသမားတွေမှာ ဖြစ်လေ့ရှိတဲ့ အကြောတင်၊ အကြောတက်၊ ကြွက်တက်-စတဲ့ ဒဏ်ရာတွေအတွက် အုန်းဆီနဲ့ လိမ်းပြီး အကြောပြန်ဖြေရင် ခဏချင်းသက်သာစေနိုင်ပါတယ်။

Credit: Shwemom http://shwemom.com