ဘဲဥ Omelets ကတော့ လွယ်ကူရိုးရှင်းပြီး ချက်ရလွယ်သလို အရသာလည်းရှိပါတယ်။ ဒီတခါမှာတော့ချက်နေကျ Omelets ပုံစံမဟုတ်ဘဲ ထောပတ်၊ ချီစ်၊ ငရုတ်ပွတွေကို ထည့်ပြီး ချက်မှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဘဲဥ
  • ထောပတ်
  • ခြစ်ထားတဲ့ချိစ်
  • ကြက်သွန်နီ လက်ဖက်ရည်ဇွန်း ၃ ဇွန်း
  • အနီရောင် ငရုတ်ပွသီး တောက်တောက်စဉ်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း

  • အဝါရောင် ငရုတ်ပွသီး တောက်တောက်စဉ်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • အစိမ်းရောင် ငရုတ်ပွသီး တောက်တောက်စဉ်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဆား (အရသာအပေါ်မူတည်ပြီး)
  • ငရုတ်ကောင်း (အရသာအပေါ် မူတည်ပြီး)

အဆင့် (၁)

ဘဲဥ ၃လုံးကို ခွက်တစ်ခွက်ထဲ ဖောက်ထည့်ပြီး ခလောက်လိုက်ပါ။ ဘဲဥတွေကို လက်နဲ့ မွှေလိုက်ပါ။

အဆင့် (၂)

ဆားနဲ့ ငရုတ်ကောင်းကို ထည့်ပါ။

အဆင့် (၃)

မကပ်တဲ့ဒယ်အိုးထဲကို ထောပတ်ထည့်လိုက်ပါ။ မီး အလယ်အလတ်နဲ့ အပူပေးပါ။

အဆင့် (၄)

တောက်တောက်စဉ်းထားတဲ့ ကြက်သွန်နီ၊ ငရုတ်ပွသီး တို့ကို ဒယ်အိုးထဲထည့်ပါ။

အဆင့် (၅)

ဒယ်အိုးကို မီး အလယ်အလတ်ပဲ ပေးပြီး ဟင်းသီးဟင်းရွက်တွေကို ၂ မိနစ်ကနေ ၃ မိနစ်ကြားလောက်ကြော်လိုက်ပါ။ ပန်းကန်တစ်ခုထဲ ဆယ်ထည့်ထားပါ။

အဆင့် (၆)

ဒယ်အိုးထဲကို ထောပတ်ထည့်ပြီး အပူပေးပါ။ ဒယ်အိုးတစ်ခုလုံး ဆီဝေ့လာရင် ဘဲဥကိုထည့်ပါ။ ဒယ်အိုးမျက်နှာပြင်တစ်ခုလုံးမှာ ဘဲဥတွေရှိနေအောင် ဒယ်အိုးကို လှည့်ပေးပါ။

အဆင့် (၇)

၂ မိနစ်လောက်ထားရင်အောက်ခြေက ကျက်လာပါတယ်။

အဆင့် (၈)

ဘဲဥကို အပေါ်မှာ ချိစ်တွေ၊ ကြော်ပြီးသားဟင်းသီးဟင်းရွက်တွေကိုထည့်ပါ။

အဆင့် (၉)

ဒယ်အိုး အဖုံးပိတ်လိုက်ပြီး ၂ မိနစ်လောက် ထားလိုက်ပါ။

အဆင့် (၁၀)

၂ မိနစ်လောက်ထားပြီးရင် ချိစ်တို့၊ ဟင်းသီးဟင်းရွက်တွေ ကျက်လောက်တဲ့အတွက် ဘဲဥကို လှန်လိုက်ပါ။

အဆင့် (၁၁)

ပူစီနံရွက် သို့ ကိုယ်ကြိုက်နှစ်သက်ရာအရွက်လေးနဲ့ အလှဆင်လို့ရပါတယ်။ Omelet အသီးအရွက်ကြော်လေးကို စားသုံးလို့ရပါပြီနော်။

တမူထူးခြားတဲ့ ဘဲဥ Omelet ကြော်လည်းလုပ်စားရအောင်

Photo Credit: How Fab