မနက်ခင်းအချိန်ထဲက အလုပ်တွေပတ်ပြီး ရှုပ်နေသူများအတွက် ယခုဖော်ပြပေးမယ့် ချက်နည်းလေးက အသင့်တော်ဆုံးပါပဲ။ မြန်မြန်ဆန်ဆန်နဲ့လည်း ပြင်ဆင်ချက်ပြုတ်လို့ ပြီးမယ်၊ ပရိုတင်းတွေလည်း အပြည့်ပါဝင်တယ်ဆိုတော့ မနက်၊ နေ့လည်၊ ညစာတို့အပြင် ညလယ်စာအနေနဲ့လည်း အခက်အခဲမရှိ လုပ်စားနိုင်ကြမှာပါနော်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ – ၁ လုံး
  • ကြက်ဥအကာ – ၂ လုံး
  • အဝါရောင်ဒိန်ခဲ (Cheddar Cheese) – လက်ဖက်ရည်ဇွန်း ၂ ဇွန်း (ခြစ်ပြီးသား)
  • အစိမ်းရောင် ငရုတ်ပွ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း (လှီးပြီးသား)
  • ဆား၊ ငရုတ်ကောင်း – အနည်းငယ်
  • Cooking Spray

ပြင်ဆင်ပြုလုပ်ပုံအဆင့်ဆင့်

၁။ မိုက်ခရိုဝေ့ဖ်ထဲ ထည့်သွင်းအသုံးပြုနိုင်သည့် ခွက်ကို မကပ်ရအောင် Cooking spray ဖြန်းပြီး ကြက်ဥ၊ ကြက်ဥအကာ၊ ချိစ်၊ ငရုတ်ပွ၊ ဆား၊ ငရုတ်ကောင်းတို့အား အကုန်ထည့်သွင်းရောမွှေပေးပါ။

၂။ မီးရှိန်အမြင့်နဲ့ ၁ မိနစ် အပူပေးပြီးရင် မွှေပေးပါ။

၃။ မိုက်ခရိုဝေ့ဖ်ထဲပြန်ထည့်ပြီး ကြက်ဥကျက်သည်အထိ ၁ မိနစ် ထပ်ချက်ပေးပါ။

၄။ ပြီးသွားလျှင် ချိစ်ကို အပေါ်မှဖြူးပေးကာ ဆန္ဒရှိပါက ဝက်ဆားနယ်ခြောက်ကိုပါ ထည့်သွင်းပေးပြီး အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။