ကိုရီးယားကားကြည့်တိုင်း ကိုရီးယားအစားအစာတွေက မစားရမနေနိုင်အောင် ဆွဲဆောင်နေတာကို ငြင်းဆန်လို့မရပါဘူး။ ဒီတစ်ခါမှာလည်း ကိုရီးယားလူမျိုးတွေ နှစ်နှစ်ခြိုက်ခြိုက် စားသုံးလေ့ရှိတဲ့ ကြက်ဥလိပ် ထမင်းကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

ကြက်သွန်နီ တစ်ခြမ်း
ကြက်သွန်မြိတ် တစ်ပင်
မုန်လာဥနီ အသေး တစ်လုံး
အမဲသား (သို့) ဝက်သား (သို့) ကြက်သား (သို့) ပုစွန် ၄ အောင်စခန့်
ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ခရမ်းချဉ်သီးဆော့ စားပွဲတင်ဇွန်း တစ်ဝက်မှ တစ်ဇွန်း အထိ
ဆားနှင့် ငရုတ်ကောင်းအနည်းငယ်
ဆီအနည်းငယ်
နှစ်ယောက်စာ ထမင်း
ကြက်ဥ ၄ လုံး

ပြုလုပ်နည်းအဆင့်ဆင့်

ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ မုန်လာဥနီနဲ့ အသားကို နုတ်နုတ်စဉ်းထားလိုက်ပါ။

ဒယ်အိုးကို အပူပေးပြီးနောက် ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း ထည့်ကာ အပူပေးလိုက်ပါ။ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ မုန်လာဥနီနဲ့ အသားတို့ကို ဒယ်အိုးထဲထည့်ကြော်လိုက်ပါ။ အသားများ ကျက်သွားပါက ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး မွှေပေးလိုက်ပါ။ ဆားနဲ့ ငရုတ်ကောင်းတို့ထည့်ပြီး အရသာမြည်းကြည်လိုက်ပါ။

ထို့နောက် ထမင်းထည့်ပြီး သမအောင် ကြော်ပေးလိုက်ရပါမယ်။ ၁ မိနစ် ပြည့်ခါနီးမှာ ခရမ်းချဉ်သီးဆော့၊ ဆားနဲ့ ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး ကြော်ပေးလိုက်ပါ။ ထို့နောက် ထိုထမင်းကြော်ကို ပန်းကန်ထဲပြောင်းထည့်လိုက်ပါ။

ဒီတစ်ခါမှာတော့ ကြက်ဥကြော်ရပါမယ်။

ကြက်ဥ ၂ လုံးကို မွှေခလောက်ပြီးနောက် ဒယ်အိုးထည့်ကြော်ပေးလိုက်ပါ (နောက်တစ်ယောက်စာအတွက် ထပ်ကြော်မယ်ဆိုမှ နောက် ကြက်ဥ ၂ လုံး အသုံးပြုရပါမယ်)

ကြက်ဥကို အဝိုင်းပုံသဏ္ဍာန်ဖြန့်လိုက်ပြီးနောက် ကြက်ဥမကျက်တကျက်အချိန်မှာ ထမင်းကြော်ကို ကြက်ဥအလယ်တည့်တည့်မှာ အလျားလိုက် ထည့်ထားလိုက်ပါ။

ဇွန်းအပြားအသုံးပြုပြီး ဘေးဘက်က ကြက်ဥကို လိပ်ပေးလိုက်ပါ။

ထို့နောက် ထမင်းများ မထွက်ကျစေဖို့ သတိထားပြီး ပန်းကန်ပြားထဲသို့ ကြက်ဥလိပ်ထမင်းကို ဖြည်းဖြည်းချင်းထည့်ပေးလိုက်ရပါမယ်။

ပြီးမှ ခရမ်းချဉ်သီးဆော့စ်ကို ကြက်ဥအပေါ်မှာ ဖြန်းချလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကိုရီးယားစတိုင်လ် ကြက်ဥလိပ် ထမင်းကြော်ကို အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: koreanbapsang.com