အားလုံးပဲ မင်္ဂလာပါ။ အားလပ်ရက်လေးမှာ အချိန်ကို အကျိုးရှိစွာ အသုံးချတဲ့အနေနဲ့ အရသာရှိတဲ့ အစားအစာလေးတွေ ချက်စားကြရအောင်။ လျှာလည်သွားစေမယ့် အရသာရှိတဲ့အစားအစာလေးကတော့ အာလူး၊ မုန်လာဥနီ ကြက်သားကင်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

Source: Shutterstock

  • ကြက်သား ၄ ပေါင်
  • ကြက်သွန်ဖြူ ၁ မြွှာ
  • ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် အနည်းငယ်

ဟင်းသီးဟင်းရွက်အတွက်

  • အာလူး ၂ ပေါင်ခန့်
  • တရုတ်နံနံ ၃ ပင်
  • သံလွင်ဆီ စစ်စစ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ကြက်သွန်ဖြူ ၃ မြွှာ

  • မုန်လာဥနီ ၄ လုံး (သို့) ၆ လုံး
  • ကြက်ပြုတ်ရည် ၂၅၀ မီလီလီတာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၄၂၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ ကြက်သားကို မိမိလိုချင်တဲ့ အရွယ်အစားရအောင် လှီးဖြတ်ထားပါ၊ အာလူးကို အခွံခွာပြီး အတုံးသေးများ တုံးထားပါ။ ကြက်သွန်ဖြူကို ပြားနေအောင် ဖိထောင်းထားပါ။ တရုတ်နံနံကို ပါးပါးလှီးထားပါ။ မုန်လာဥနီကို အခွံခွာပြီး အတုံးသေး တုံးထားပါ။

၂။ Oven ထဲထည့်မည့် အကင်ဒယ်အိုးထဲသို့ ဆီအနည်းငယ်ထည့်ကာ သုတ်လိမ်းထားလိုက်ပါ။

၃။ ပြားအောင် ဖိထောင်းထားသော ကြက်သွန်ဖြူတစ်မြွှာ၊ ထောပတ်နှင့် ငရုတ်ကောင်းမှုန့်တို့ကို ရောနှောလိုက်ပါ။ ထို့နောက် ကြက်သားပေါ် သုတ်လိမ်းပေးရပါမယ်။ ပြီးနောက် ကြက်သားကို အကင်ဒယ်အိုးထဲ ထည့်ထားလိုက်ပါ။

၄။ အာလူး၊ မုန်လာဥနီနဲ့ တရုတ်နံနံတို့ကို ပန်းကန်လုံးတစ်လုံးထဲမှာ ပေါင်းထည့်ထားပါ။ သံလွင်ဆီဆမ်းပြီး ကျန်ရှိနေတဲ့ ကြက်သွန်ဖြူထည့်ကာ နယ်ထားလိုက်ပါ။

၅။ ရရှိလာသော သီးစုံအရောအနှောကို ကြက်သား ဒယ်အိုးထဲမှာ ထည့်ထားလိုက်ပါ။ ဆားနဲ့ ငရုတ်ကောင်းအနည်းငယ် ဖြူးပြီး ကြက်ပြုတ်ရည်ပါ လောင်းထည့်လိုက်ပါ။

၆။ ထို့နောက် Oven ထဲမှာ ၁ နာရီခွဲခန့် ထည့်ကင်ထားလိုက်ပါ။

အချိန်ပြည့်သွားရင်တော့ စားချင်စဖွယ် အနံ့ အရသာနဲ့ ပြည့်စုံတဲ့ သီးစုံကြက်သားကင်လေးကို အရသာရှိရှိသုံးဆောင်နိုင်ပြီပဲဖြစ်ပါတယ်။

Source: thespruceeats.com