မြန်မာတွေရဲ့ မီးဖိုထဲမှာ ကြက်သွန် မရှိတဲ့ အိမ်ဆိုတာ ရှားပါတယ်။ မြန်မာတင်မက အာရှနိုင်ငံတွေမှာလည်း ကြက်သွန်ကို စားကြပါတယ်။ ကြက်သွန်လို့ ဆိုတာနဲ့ ကြက်သွန်နီနဲ့  ကြက်သွန်ဖြူတို့ကို ပြောတာပါ။ ဟင်းလျာတိုင်းမှာ ထည့်သလို ဆေးအဖြစ်လည်း သုံးကြပါတယ်။

ကြက်သွန်ကို ဟိုးအရင် ရှေးကျတဲ့ ခေတ်တွေကတည်းက စိုက်ပျိုးခဲ့ကြပါတယ်။ မူလပေါက်ရောက်ရာ ဒေသကတော့ အာရှတိုက် အလယ်ပိုင်းဒေသ ဖြစ်တယ်လို့ အချို့က ခန့်မှန်းကြပြီး အချို့ကလည်း အာရှတိုက် အနောက်ပိုင်းလို့ ပြောကြပါတယ်။ ကြက်သွန်ကို ပူအိုက်စိုစွတ်တဲ့ ရာသီဥတုမှာ စိုက်ပျိုးကြပါတယ်။

Onion-Row1onion

ကြက်သွန်နီရဲ့ အာနိသင်ကတော့ ချို၊ စပ်၊ ပူ သုံးမျးုါ်ကို ပေးစွမ်းနိုင်ပါတယ်။ ကြက်သွန်နီမှာ Antioxidant ၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဆိုဒီယမ်နဲ့ ပိုတက်စီယမ်တို့ ပါဝင်ပါတယ်။ ကြက်သွန်နီကို စားရင် ခံတွင်းအနံ့ဆိုးတဲ့ အချက်ရှိပေမယ့် ကျန်းမာရေးစွမ်းပကားတွေတော့ အများကြီး ရှိပါတယ်။ ခံတွင်းကျန်းမာရေးကို ကောင်းစေစေပါတယ်။ အူမကြီး ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဘတ်တီးရီးယားနဲ့ အခြားပိုးတွေကို သေစေနိုင်တဲ့ ဓာတ်တွေ ပါဝင်ပါတယ်။ လှီးတဲ့ အခါ မျက်ရည်ကျစေတာနိုင်ပေမယ့် နာမကျန်းမှုကို တားဆီးပေးနိုင်ပါတယ်။ ကြက်သွန်နီဟာ သွေးခဲဖြစ်ပေါ်မှု မဖြစ်အောင် ကူညီပေးတဲ့ အတွက် နှလုံးသွေးကြောကို ကျန်းမာစေနိုင်ပါတယ်။ သွေးကြောတွင်း သကြားဓာတ်တွေကို ထိန်းပေးနိုင်ပြီး နှာခေါင်းပိတ်နဲ့ နားကိုက်ခြင်းတို့ကို သက်သာစေပါတယ်။ ဆေးလမ်းကြောင်းဆိုင်ရာ ရောဂါတွေ အတွက်လည်း အကူအညီဖြစ်စေပါတယ်။

garlic1

ကြက်သွန်ဖြူကတော့ နှစ်ပေါင်း ၆၀၀၀ ဝန်းကျင်က စတင် စိုက်ပျိုးခဲ့ပြီး အာရှတိုက် အလယ်ပိုင်းမှာ ပေါက်ရောက်ခဲ့ပါတယ်။ အခုဆိုရင် တစ်ကမ္ဘာလုံးသုံးတဲ့ ဟင်းခတ်အမွှေးအကြိုင် ဖြစ်နေပါပြီ။ ဆေးဖက်ဝင်အပင်အဖြစ် အီဂျစ်တွေ စတင် သုံးစွဲခဲ့တာ ဖြစ်ပြီး မြန်မာမှာလည်း ယခုတိုင်အောင် ဆေးဝါးအဖြစ် သုံးစွဲကြပါတယ်။

ကြက်သွန်ဖြူမှာ ဗီတာမင်စီ၊ ဆယ်လီနီယမ်၊ မန်ဂနိ၊ Ajoene ဒြပ်ပေါင်းနဲ့ အခြား ဆာလဖာ ပါဝင်သော ဒြပ်ပေါင်းများ၊ သံဓာတ်၊ Antioxidant တို့ ပါဝင်ပါတယ်။ ကြက်သွန်ဖြူကို ပုံမှန်စားပေးရင် မကောင်းတဲ့ ကိုလက်စထရောတွေ လျှော့ချပေးပါတယ်။ သွေးကြောပိတ်ဆို့မှုကို ကာကွယ်ပေးပြီး သွေးတိုးရောဂါကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။ ကြက်သွန်ဖြူကို ပျားရည်နဲ့ စားပေးရင် ကင်ဆာဖြစ်ပွားမှုနှုန်းကို လျှော့ချပေးနိုင်ပါတယ်။ သံဓာတ်ဖြစ်ပေါ်မှုကို ကောင်းမွန်စေပြီး ကိုယ်ခံအားကို တိုးစေပါတယ်။ ကြက်သွန်ဖြူစားရင် ခံတွင်းအနံ့ဟာ တော်တော်ဆိုးပါတယ်။ ဒါပေမယ့် နွားနို့ သောက်လိုက်ရင် ပျောက်ကင်းသွားမှာပါ။