ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

အသက်အရွယ်အရပျက်စီးလာတဲ့အရိုးတွေကိုကာကွယ်နိုင်တဲ့အစားအစာများ

August 6, 2016

အသက်အရွယ်အရပျက်စီးလာတဲ့အရိုးတွေကိုကာကွယ်နိုင်တဲ့အစားအစာများ

Share this on:

အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ ခန္ဓာကိုယ်တစ်ခုလုံးကို ထောက်ပံ့ပေးထားတဲ့အရိုးတွေရဲ့ ခံနိုင်ရည်စွမ်းအားက နိမ့်ကျလာပါတယ်။အထူးသဖြင့် အမျိုးသမီးတွေမှာ ပိုပြီးခံစားရတတ်ပါတယ်။အမျိုးသမီးတွေရဲ့ ဦးနှောက်အာရုံစူးစိုက် မှု မြင့်မားတာကြောင့် လုပ်ငန်းသုံးလေးခုကို တပြိုင်နက်လုပ်ဆောင်နိုင်ခြင်းက ရောဂါဝေဒနာ ခံစားရပြီဆို ရင် အမျိုးသမီးတွေက သိသိသာသာပိုပြီးခံစားရတတ်ပါတယ်။ အသက်နှစ်ဆယ် တန်းကနေ တဖြည်းဖြည်း သုံး ဆယ်၊ လေး ဆယ်၊ ငါးဆယ်လောက်ရောက်ရင် သိသိသာသာ အရိုးတွေရဲ့ စွမ်းဆောင်ရည် က လျော့ကျလာသလို  ကျိုးလွယ် ပဲ့လွယ် ခံစားရတတ်ပါတယ်။ဒီလိုဆိုရင် စိတ်သွားတိုင်းကိုယ်မပါနိုင်ဘဲ သဘာဝတရားကို တွန်းလှန်နိုင်ခြင်းမရှိတောင် ကြံ့ကြံ့ခံ အံတုနိုင်ဖို့ ကျန်းမာရေးနဲ့ညီညွတ်ပြီး အရိုးအဆစ်သန်မာခြင်းကို အထောက်အကူပြုနိုင်တဲ့ အစားအစာတွေ ကို ရွေးချယ် စားသုံးနိုင်ပါတယ်။

2

အဆီထုတ်ထားသောအစားအစာ

ဗီတာမင် ဒီဓာတ်က အရိုးတွေကို ထောက်ပံ့ပေးပါတယ်။ဗီတာမင် ဒီ ဓာတ်ကို နေပူစာလှုံခြင်းကနေရရှိနိုင်သလို အန္တရာယ် အကင်းဆုံးနည်းလမ်းကတော့ အဆီထုတ်ထားတဲ့အစားအစာတွေကနေရရှိနိုင်ပါတယ်။အဆီထုတ်ထားတဲ့ အစားအစာ တွေမှာ အနည်းဆုံး ကယ်လ်ဆီယမ်ဓာတ် ၃၀ရာခိုင်နှုန်းနဲ့၊ ဗီတာမင် ဒီဓာတ် ၂၀ရာခိုင်နှုန်းပါဝင် တာ ကြောင့် နေ့စဉ် စားသုံးပေးသင့်ပါတယ်။

နို့၊ နို့ထွက်ပစ္စည်း

နို့နဲ့ နို့ထွက်ပစ္စည်းတွေကလည်း အရိုးအဆစ်သန်မာစေတဲ့အစားအစာတွေထဲမှာပါဝင်ပါတယ်။နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ ကယ်လိုရီပါဝင်မှုနည်း ၉၀လောက်ပါဝင်ပေမယ့်  အရိုးအဆစ်သန်မာစေတဲ့ ကယ်လ်ဆီယမ်ဓာတ် ၃၀ရာခိုင်နှုန်းလောက် ပါဝင်တဲ့အတွက် စားသုံးသင့်တဲ့အစားအစာလည်းဖြစ်ပါတယ်။

ချိစ်

ချိစ်မှာ ကယ်လ်ဆီယမ်ဓာတ်အပြည့်အ၀ပါဝင်ပါတယ်။ ချိစ်ရဲ့ ပုံမှန်အရွယ်အစား တစ်တုံး (1.5 Ounces) မှာ ကယ်လ်ဆီ ယမ်ဓာတ် ၃၀ရာခိုင်နှုန်းလောက်ပါဝင်ပါတယ်။တချို့ ချိစ်အမျိုးအစားတွေမှာတော့ ဗီတာမင်ဓာတ်ပါဝင်မှုက အနည်းငယ်ပဲ ရှိပါတယ်။

3

ဥအမျိုးအမျိုး

သင်နေ့စဉ်စားသုံးနေတဲ့ ဥ တွေထဲမှာ ဗီတာမင် ဒီ ဓာတ် ၆ရာခိုင်နှုန်းပုံမှန်ပါဝင်နေသလို ဥတွေကို အလွယ်တကူရရှိနိုင်ပါ တယ်။ဒါပေမယ့် အဖြူရောင်ရှိတဲ့  အရောင်းလှအောင် ပြုပြင်မွမ်းမံထားတဲ့ ဥတွေမှာတော့ ကယ်လ်လိုရီဓာတ်တွေ လျှော့ချ ထားနိုင်တာကြောင့် သဘာဝအတိုင်းတိုက်ရိုက်ရရှိတဲ့ဥ တွေကို စားသုံးပေးသင့်ပါတယ်။

Review

User Rating

3.7 (6 Votes)