နေ့စဉ်စားသုံးနေတဲ့အစားစာတွေထဲမှာ မဖြစ်မနေပါဝင်အောင်ထည့်ပြီးတော့ စားသုံးပေးဖို့လိုအပ်တဲ့ အသီးအနှံတွေထဲမှာ လိမ္မော်ရောင်အသီးအနှံတွေလည်း ပါဝင်နေပါတယ်။

လိမ္မော်ရောင်အသီးအနှံတွေ တော်တော်များများမှာပါဝင်နေတဲ့ အာဟာရဓာတ်တွေက ခန္ဓာကိုယ်အတွက်ကောင်းကျိုးတွေ အများကြီးကိုရရှိစေနိုင်ပြီး နှလုံးရောဂါနဲ့ ကင်ဆာရောဂါတော်တော်များများကို ကာကွယ်ပေးနိုင်ပါတယ်။

လိမ္မော်သီး

လိမ္မော်သီးမှာ ဗီတာမင်စီဓာတ်တွေများစွာပါဝင်နေတာကြောင့် နေ့စဉ်စားသုံးပေးမယ်ဆိုရင် ကိုယ်ခံအားစနစ်ကိုကောင်းမွန်လာစေပြီး ဖျားနာခြင်းတွေကနေ ကင်းဝေးနိုင်မှာပဲဖြစ်ပါတယ်။ လိမ္မော်သီးမှာပါဝင်နေတဲ့ အမျှင်ဓာတ်တွေက စားသုံးပေးတဲ့အခါမှာ ကယ်လိုရီနည်းနည်းနဲ့ ဗိုက်ကိုပြည့်ဝစေတာကြောင့် နေ့တိုင်းလိုလိုစားပေးလို့လည်းရပါတယ်နော်။

ကန်စွန်းဥ

ကန်စွန်းဥကလည်း စားလိုက်တဲ့အချိန်မှာ ချိုတဲ့အရသာကြောင့် လူတိုင်းကြိုက်နှစ်သက်ကြတာပဲဖြစ်ပါတယ်။ ကန်စွန်းဥမှာပိုတက်စီယမ်ဓာတ်တွေ များစွာပါဝင်နေတာကြောင့် ခန္ဓာကိုယ်တွင်းမှာရှိတဲ့ သွေးလှည့်ပတ်မှုစနစ်တွေကို ကောင်းမွန်စေတာကြောင့် မကြာခဏစားပေးသင့်တဲ့ အစားစာမျိုးပဲဖြစ်ပါတယ်နော်။

သခွားမွှေး

သခွားမွှေးသီးကဆိုရင်လည်း ဖျော်ရည်လိုမျိုးဖျော်ပြီးသောက်ဖို့အတွက်ဆိုရင် လူတိုင်းကြိုက်နှစ်သက်ကြမှာပေါ့။ သောက်လိုက်တဲ့အချိန်တိုင်းမှာ လန်းဆန်းသွားစေပြီး အရသာကလည်းအရမ်းရှိတာကြောင့် ခဏခဏသောက်ပေးဖို့ အဆင်ပြေမှာပါ။ သခွားမွှေးသီးမှာ ပိုတက်စီယမ်ဓာတ်တွေလည်း များစွာပါဝင်တဲ့အပြင် ဗီတာမင်စီနဲ့ ဗီတာမင်အေတွေလည်း ပါဝင်နေတာဆိုတော့ ခန္ဓာကိုယ်အတွက်အသင့်တော်ဆုံးပဲပေါ့။

မုန်လာဥနီ

မုန်လာဥနီက အသားအရေအတွက် အရမ်းအထောက်အကူဖြစ်စေပါတယ်။ မုန်လာဥနီဖျော်ရည်ကို နေ့တိုင်းသောက်ပေးရင်ပဲဖြစ်ဖြစ် အစားစားတဲ့ထဲမှာမုန်လာဥနီကို ထည့်ပြီးစားပေးမယ်ဆိုရင် အကောင်းဆုံးပဲပေါ့။ မုန်လာဥနီမှာပါဝင်နေတဲ့ ဗီတာမင်ဓာတ်တွေက အသားအရေအတွက်လည်း ကောင်းမွန်စေပြီး၊ ကယ်လိုရီလည်းနည်းတာကြောင့် ကိုယ်အလေးချိန်ကိုလည်း ထိန်းထားပေးနိုင်မှာပဲဖြစ်ပါတယ်။

Photo Source: Pinterest